မဟာဘာရတရဲ့ သမိုင်းမှာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့တော်
mmload.com
|
2023-04-03

မဟာဘာရတရဲ့သမိုင်းကြောင်းနှင့် ဒဝါရကာမြို့တည်ရှိမှုနှင့်ပတ်သက်ပြီး သမိုင်းပညာရှင်များကြားမှာအငြင်းပွားဖွယ်တွေဖြစ်ခဲ့ကြပါတယ်။ ပညာရှင်အချို့က မဟာဘာရတဟာ ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ကြပြီးအချို့က ဒါဟာ ဒဏ္ဍာရီဆန်ဆန် စာသားအချို့သာဖြစ်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။


Photo Credit – From Google

အချို့သောသမိုင်းပညာရှင်များကတော့မဟာဘာရတသမိုင်းကြောင်းမှာ အမှန်တကယ်ဒဝါရကာမြို့ရှိခဲ့တယ်ဆိုတာကို အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ မည်သို့ပင်စေကာ ၁၉၆၀ ခုနှစ်ကဂူဂျာရတ်ကမ်းရိုးတန်းအနီးရှိ ပင်လယ်ရေအောက်မှာ နစ်မြုပ်နေတဲ့ ရှေးဟောင်းမြို့တစ်မြို့ကိုသမိုင်းပညာရှင်တွေက ပြန်လည်ရှာတွေ့ခဲ့ပါတယ်။


Photo Credit – From Google

 အဆိုပါ မြို့ဟောင်းကြီးဟာ ဘီစီအီး ၁၅၀၀ နှောင်းပိုင်းကအလွန်ကြီးကျယ်ခမ်းနားလှတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ ဆိုပါတယ်။ မြို့ရဲ့တည်ဆောက်ထားတဲ့အင်္ဂါရပ်တွေက ပျောက်ဆုံးနေတဲ့ မဟာဘာရတသမိုင်းထဲ ဒဝါရကာမြို့နဲ့ ကိုက်ညီမှုရှိပါတယ်။ရှေးကျတဲ့ ဗိသုကာလက်ရာတွေ၊ အသက်ဝင်လှတဲ့ ရုပ်တုတွေက မြို့ရဲ့ ဂုဏ်ကျက်သရေကို ထင်ဟပ်စေခဲ့ပါတယ်။



Photo Credit – From Google

 ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေမလုံးလောက်တာကြောင့် ပျောက်ဆုံးနေတဲ့ ဒဝါရကာမြို့ဟုတ်မဟုတ် သံသယရှိခဲ့ကြပါတယ်။ သင်တို့ရောဒီရှေးဟောင်းမြို့ဟာ မဟာဘာရတရဲ့ သမိုင်းမှာ ပျောက်ဆုံးနေတဲ့ ဒဝါရကာမြို့ဟုတ်မဟုတ် ပြောခဲ့ကြပါဦး။



Photo Credit – From Google




Some text some message..