လွန်ခဲ့တဲ့နှစ်ပေါင်း ၃၉,၀၀၀ ခန့်က ကမ္ဘာမြေပေါ်ကနေ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ ကြံ့မျိုးစိတ်
mmload.com
|
2023-04-21

Elasmotheriumsibiricum ဟုလည်းလူသိများတဲ့ “ဆိုက်ဘေးရီးယား ယူနီကွန်” ကြံ့မျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၆ သန်းခန့်က ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ နေထိုင်ခဲ့တဲ့ ကြံ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ပညာရှင်များကတော့ ဒီကြံ့မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၉,၀၀၀ ခန့်က မျိုးသုဉ်းသွားခဲ့တယ်လို့ယုံကြည်ကြပါတယ်။ ဘာကြောင့် မျိုးသုဉ်းသွားလဲမသိရပေမယ့် ရှေးလူသားမျိုးနွယ်တွေရဲ့ အမဲလိုက်ခြင်းနှင့်ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။


Photo Credit – From Google

ဒီဘက်ခေတ်မှာ တွေ့ရတဲ့ ကြံ့မျိုးစိတ်တွေနဲ့ယှဉ်ကြည့်ရင်တော့ အချို့အစိတ်အပိုင်းတွေ ကွဲပြားတာ တွေ့ရပါတယ်။ အထူးသဖြင့် ဦးချိုပါ…ဒီဘက်ခေတ်မှာတွေ့ရတဲ့ ကြံ့တွေရဲ့ ဦးချိုက နှစ်ချောင်းပါရှိကြပေမယ့် ဆိုက်ဘေးရီးယား ယူနီကွန် ကြံ့တွေကတော့ရှည်လျားတဲ့ ဦးချိုတစ်ခုသာ ပါရှိတာ ဖြစ်ပါတယ်။ခန့်မှန်းခြေ အရှည် ၆ ပေ (၁.၈ မီတာ) အထိကြီးထွားနိုင်ပါတယ်။  ပြီးတော့ အမွေးတွေက ကျွန်တော်တို့မြင်တွေနေရတဲ့ကြံ့တွေထက် အမွေးတော်တော်လေးရှည်ပါတယ်။


Photo Credit – From Google

အရွယ်အစားကို ကြည့်မယ်ဆိုရင်လည်း ခန့်မှန်းခြေအားဖြင့်အလေးချိန် ပေါင် ၅,၅၀၀ ( ၂,၅၀၀ ကီလိုဂရမ်) အထိရှိနိုင်ပါတယ်။ ဘယ်လို ပတ်ဝန်းကျင်တွေမှာမဆိုကောင်းစွာ လိုက်လျောညီထွေ နေထိုင်နိုင်ကြတယ်လို့ သိရပါတယ်။


Photo Credit – From Google

ဒီကြံ့မျိုးစိတ်တွေတကယ်ရောကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ရှိရဲ့လားလို့ မေးရင်လည်း မေးနိုင်ပါတယ်။ သေချာတာတစ်ခုကတော့ရှေးခေတ်ဂူပန်းချီတွေမှာဆိုရင် “ဆိုက်ဘေးရီးယား ယူနီကွန်” ကြံ့မျိုးစိတ်တွေနဲ့ ဆင်တူတဲ့သတ္တဝါတွေကို ပြသထားကြတာ တွေ့ရပါတယ်။


Photo Credit – From Google

ဥပမာ -ရုရှားနိုင်ငံ Ural တောင်တန်းများမှာ တွေ့ရှိရတဲ့ပန်းချီကားများမှာပါ။ အဲ့ဒီပန်းချီကားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀,၀၀၀ ဝန်းကျင်ခန့်ကဖြစ်ပါတယ်။ “ဆိုက်ဘေးရီးယား ယူနီကွန်” ကြံ့မျိုးစိတ်တွေ ကမ္ဘာပေါ်မှာ နေထိုင်ကျက်စားခဲ့တယ်ဆိုတဲ့အချို့သောအထောက်အထားများစွာလည်း ရှိပါတယ်။ သင်တို့ရော “ဆိုက်ဘေးရီးယား ယူနီကွန်” ကြံ့မျိုးစိတ်တွေတကယ်ရှိခဲ့လားဆိုတာ ထင်မြင်ချက်လေးတွေ ပြေပေးခဲ့ပါဦး။

Source – internet/ tinnhanhsaigon.net



Some text some message..