ပုရွက်ဆိတ်အုံတစ်ခုရဲ့ဘုရင်မက ဘာတွေလုပ်ရတာလဲ?
mmload.com
|
2023-04-23

ပုရွက်ဆိတ်အုံတစ်ခုကို သင်တွေ့မိတယ်ဆိုရင်အရင်ဆုံး အဲ့နေရာကနေအဝေးသွားဖို့ ဒါမှမဟုတ် ဒီပုရွက်ဆိတ်အုံကိုရှင်းပစ်ဖို့လောက်ပဲ သင်စဥ်းစားမိနေမှာပါ။ ဒါပေမဲ့ လူတွေမထင်ထားလောက်တဲ့အထိ ပုရွက်ဆိတ်အုံတစ်ခုရဲ့ဘုရင်မမှာ ရှုပ်ထွေးတဲ့တာဝန်တွေ လုပ်ဆောင်ပုံတွေရှိပါတယ်။


ပုရွက်ဆိတ်ဘုရင်မတစ်ကောင်မှာ အဓိကတာဝန်အနေနှင့် အရွယ်ရောက်လာတဲ့အခါ နေရာဟောင်းကိုစွန့်ပြီး အသိုက်အအုံအသစ်ရှာရပါတယ်။ နေရာအသစ်ရပြီဆိုရင် ပထမဆုံးဥစဥပါတယ်။ ဒီကသားလောင်းတွေက အရွယ်ရောက်လို့ ဘုရင်မကို စောင့်ရှောက်နိုင်ပြီဆိုရင် ဘုရင်မကအအုံထဲမှာပဲနေပြီး တောက်လျှောက်ဥဥပါတော့တယ်။ ဘုရင်မတစ်ကောင်ဟာ ဥကိုမီလီယံနှင့်ချီပြီးဥနိုင်ပါတယ်။


ပြီးတော့ ပုရွက်ဆိတ်အုံကိုဘုရင်မကသူရဲ့အနံ့ (Pheromones) နှင့်ထိန်းချူပ်ထားပါတယ်။ ဒါကြောင့် ဘုရင်မသေဆုံးသွားရင် ကျန်တဲ့အကောင်တွေပါ သေဆုံးသွားတာ အုံပြိုကွဲသွားတာဖြစ်တတ်ပါတယ်။ ဘုရင်မဖြစ်လာမဲ့ သားလောင်းတွေကိုလည်း ရှေ့ဘုရင်မတွေကသေချာရွေးချယ်ပြီး မွေးမြူခဲ့ကြတာဖြစ်ပါတယ်။ ဘုရင်မတွေဟာသာမာန်ကောင်တွေထက်အရွယ်အစား ပိုကြီးကြပါတယ်။ ဒါ့အပြင် အနှစ်သုံးဆယ်လောက်အထိအသက်ရှင်သန်နေနိုင်တဲ့ ဘုရင်မမျိူးစိတ်တွေလည်းရှိပါတယ်။


ဒီသားလောင်းတွေအရွယ်ရောက်လာရင် ဘုရင်မအသစ်အဖြစ်နေရာအသစ်မှာ အုံအသစ်ဖွဲ့ပြီးနေကြပါတယ်။ ဒါကြောင့် ဘုရင်မဟာ ပုရွက်ဆိတ်အုံတစ်ခုလုံးရဲ့မိခင်လည်းဖြစ်ပါတယ်။ ပုရွက်ဆိတ်အုံတွေမှာ ဘုရင်မအပြင် မိတ်လိုက်ရမဲ့ အထီးတွေ ဘုရင်မလောင်းတွေနှင့် အခြားလုပ်သားပုရွက်ဆိတ်တွေရှိပါတယ်။ လုပ်သားပုရွက်ဆိတ်တွေက အစာရှာတာ အသိုက်ကိုကာကွယ်တာတွေလုပ်ရပြီးတော့ ကျန်တဲ့အကောင်တွေကတော့ ဥဥတာနှင့် မိတ်လိုက်တာကိုပဲလုပ်ရတာဖြစ်ပါတယ်။





Some text some message..