
ကမ္ဘာပေါ်မှာ အကြီးဆုံး တိရစ္ဆာန်က ဘယ်တိရစ္ဆာန်လို့ ထင်မိလဲ….။ဒီတစ်ခါမှာတော့ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ကျက်စားနေထိုင်တဲ့ တိရစ္ဆာန်တွေထဲကနေ အကြီးဆုံးလို့သတ်မှတ်ထားခြင်းခံရတဲ့ တိရစ္ဆာန်ကို ဖော်ပြပေးမှာပါ။

Photo Credit – From Google
ကမ္ဘာပေါ်မှာ အကြီးဆုံး တိရစ္ဆာန်က အခြားတော့မဟုတ်ပါဘူး…Balaenoptera musculus လို့ခေါ်တဲ့ အပြာရောင် ဝေလငါး ဖြစ်ပါတယ်။ ဒီဝေလငါးတွေက ဘယ်လောက်တောင်ကြီးမားလဲဆိုရင်အရွယ်ရောက်ပြီးသား အပြာရောင်ဝေလငါးတစ်ကောင်ဟာ အရှည်ပေ ၁၀၀ (၃၀ မီတာ) အထိ ကြီးထွားနိုင်ပြီးအလေးချိန်မှာ တန် ၂၀၀ (၁၈၀ မက်ထရစ်တန်) ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် သူတို့ရဲ့ အရပ်က၁၀ ထပ်တိုက်လောက်မြင့်မားပါတယ်။

Photo Credit – From Google
ဒီဝေလငါးတွေရဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ အသံဟာ အကျယ်ဆုံးဖြစ်တာကြောင့်သမုဒ္ဒရာထဲမှာ မိုင်ရာနှင့်ချီပြီး ကြားနိုင်ပါတယ်။ ဒီလောက်ကြီးမားတဲ့ တိရိစ္ဆာန်ဖြစ်ပေမယ့်သမုဒ္ဒရာအတွင်းရှိ အသေးဆုံးသတ္တဝါအချို့ကိုသာ ကျက်စားကြတာ ဖြစ်ပါတယ်။ ဝေလငါးပြာများကိုကမ္ဘာ့သမုဒ္ဒရာများ အားလုံးမှာ တွေ့ရှိနိုင်ပေမယ့် ယခုနောက်ပိုင်းမှာ အကောင်ရေ သိသိသာသာလျော့နည်းလာတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

Photo Credit – From Google