ဒဏ္ဍာရီပုံပြင်ထဲမှာ ဖီးနစ်ငှက်အကြောင်း
mmload.com
|
2023-04-25

ဒဏ္ဍာရီတွေထဲကကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး လှပတင့်တယ်ဆိုတဲ့ ဖီးနစ်ငှက်တွေရဲ့ အကြောင်းကို သင်လည်းကြားဖူးကြမှာပါ။ဒဏ္ဍာရီတွေထဲမှာတော့ ဖီးနစ်ငှက်က သူတို့သေဆုံးပြီးတဲ့ ပြာမှုန်ကနေ ပြန်လည်မွေးဖွားနိုင်စွမ်းရှိတဲ့ငှက်တစ်မျိုးဖြစ်ပါတယ်။ သာဖန်အသိုက်များမှာ နေထိုင်ခြင်းမရှိဘဲ ဟင်းခတ်အမွှေးအကြိုင်များ၊ဆေးဖက်ဝင်အပင်များနှင့်အမွှေးနံ့သာများရှိတဲ့ အကိုင်းအခက်များဖြင့်ဆောက်လုပ်ထားတဲ့ အသိုက်တစ်ခုမှာသာနှစ်ပေါင်းရာနှင့်ချီ အသက်ရှင်နေထိုင်ကြတာဖြစ်ပါတယ်။



Photo Credit – From Google

သူတို့အသိုက်တွေမီးလောင်သွားတဲ့အချိန်မှာရင် ဘေးလွတ်ရာကို မပျံသန်းဘဲ အသေခံသွားကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပြာမှုန်တွေကတစ်ဆင့် နောက် ဖီးနစ်အသစ်ကို ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားခဲ့ကြတာလို့ ဒဏ္ဍာရီပုံပြင်တွေထဲမှာဖော်ပြထားပါတယ်။ ဒီဒဏ္ဍာရီပုံပြင်က ရှေးဂရိ၊ အီဂျစ်နှင့် ဖီးနစ်ဒဏ္ဍာရီမှဆင်းသက်လာကြတာပါ။ အပြင်မှာ ဖီးနစ်ငှက်တွေ တကယ်ရော ရှိခဲ့သလား။


Photo Credit – From Google 

ဒါပေမယ့် ဖီးနစ်ငှက်က သမိုင်းတလျှောက်ရဲ့ ယဉ်ကျေးမှုများစွာမှာသင်္ကေတတစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။ဒီဘက်ခေတ်မှာလည်း ဖီးနစ်ငှက်ကို စာပေ၊ အနုပညာနှင့်လူကြိုက်များတဲ့ ယဉ်ကျေးမှုတွေမှာအပြင် ပြန်လည်မွေးဖွားခြင်း၊အသစ်တဖန်ပြန်လည်ဆန်းသစ်ခြင်းကိုကိုယ်စားပြုတဲ့ အနေနဲ့ ခန္ဓာကိုယ်တွေမှာ တက်တူးထိုးလာကြသလို ကုမ္ပဏီအမှတ်တံဆိပ်များမှာလည်းအသုံးပြုလာကြပါတယ်။


Photo Credit – From Google




Some text some message..