ကြောင်တွေရဲ့ သက်တမ်းက ဘယ်လောက်ရှိလဲ..?
mmload.com
|
2023-04-26

ကြောင်လေးတွေရဲ့သက်တမ်းက ဘယ်လောက်ရှိလဲ..။ ကြောင်တွေက ကျွန်တော်တို့ လူသားတွေနဲ့ အနီးကပ်ဆုံး နေထိုင်ကြတဲ့သူတွေဖြစ်လို့သူတို့ရဲ သက်တမ်းက ခန့်မှန်းရဖို့ ခက်ခဲပါတယ်။ ဘယ်ကြောင့်လဲဆိုတော့ ကြောင်ရဲသက်တမ်းကသူတို့ရဲ့ မျိုးရိုး၊ ပြီးတော့ အစားအသောက် ၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇစတဲ့ အချက်တွေပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ ဥပမာအနေနဲ့ ပြောရရင် တောရိုင်းကြောင်များက မတော်တဆမှု၊ ရောဂါများဖြစ်ဖွားမှုတွေကြောင့်သက်တမ်းတိုးတောင်ကြပေမယ့်လည်း အိမ်မွေးကြောင်များကတော့ အနည်းဆုံး ၁၂ နှစ် မှ နှစ် ၂၀ကြားအထိ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မဆို ရှင်သန်နိုင်ကြပါတယ်။



Photo Credit – From Google

ဒါပေမယ့်ကြောင်တွေရဲ့ သက်တမ်းက ကျွန်တော်တို့ လူသားတွေနဲ့  အသက်ကွာခြားတယ်ဆိုတာကို သိထားရပါမယ်။ ကြောင်တွေကိုဘယ်လောက်ဆိုရင် “အသက်အကြီးဆုံး” လို့သတ်မှတ်လဲ….? ။ အသက် ၁၀ နှစ်သား ကြောင်တစ်ကောင်ဆိုရင်“အသက်ကြီးဆုံး”လို့ သတ်မှတ်ပါတယ်။ ကြောင်တွေက ကျွန်တော်တို့ လူသားတွေလိုပါပဲ…။



Photo Credit – From Google

အသက်ကြီးလာတဲ့ကြောင်တွေဟာ အရိုးအဆစ်တွေချို့ယွန်းလာခြင်း၊ အမြင်အားရုံနှင့် အကြားအာရုံးများဆုံးရှုံးမှုတွေအပြင်သွားဘက်ဆိုင်ရာ ပြဿနာများလို ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့သခင်တွေက ကိုယ့်ရဲ့ကြောင်လေးတွေကို တိရိစ္ဆာန်ဆေးစစ်မှုများ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သူတို့ရဲ့သက်တမ်းက ပိုရှည်နိုင်ပါတယ်။ တကယ်လို့ သင့်မှာလည်း ချစ်စရာကြောင်လေးတွေရှိတယ်ဆိုရင်သက်တမ်းပိုရှည်အောင် ပုံမှန်ဆေးစစ်မှုများ လုပ်ပေးပါလို့ အကြံပြုပါရစေ။


Photo Credit – From Google




Some text some message..