
ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ ဒီမျိုးစိတ်တွေအားလုံးက လူကိုမသေစေနိုင်ပါဘူး။ မျိုးစိတ်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်း (၄၅၀) ခန့်မှာသာ အဆိပ်ရှိပြီး မျိုးစိတ် (၁၅၀) ခန့်ကသာ လူကိုပြင်းထန်တဲ့အနာတရဖြစ်ပြီး သေစေနိုင်ပါတယ်။ ဒီမျိုးစိတ်တွေထဲကမှာ အဆိပ်အပြင်းဆုံးနှင့် ကြောက်စရာအကောင်းဆုံးမြွေမျိုးစိတ် (၄) မျိုးကို ဖော်ပြပေးသွားပါမယ်။
Saw Scaled Viper
Saw Scaled Viper လို့ခေါ်တဲ့ မြွေပွေးမျိုးစိတ်တွေဟာ အဆိပ်အပြင်းဆုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယမှာ ဒီမြွေကိုက်ခံရလို့ သေဆုံးသူဦးရေအများဆုံးဖြစ်ပါတယ်။ တစ်ကြိမ်ကိုက်လိုက်ရုံနဲ့ အတွင်းပိုင်းသွေးယိုစိမ့်မှုဖြစ်နိုင်ပြီး ကျောက်ကပ်ကိုပျက်စီးစေပါတယ်။
Inland Taipan
ဩစတေးလျကုန်းတွင်းပိုင်းမှာ အများဆုံးတွေ့ရတဲ့ Taipan မြွေတွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေမျိုးစိတ်အဖြစ်သတ်မှတ်ခံထားရပါတယ်။ ကွင်းစလန်းနှင့် ဩစတေးလျတောင်ပိုင်း လူသူအရောက်အပေါက်နည်းပြီး ရေလွှမ်းမိုးတဲ့ဒေသမှာ အများဆုံးနေထိုင်ကျက်စားကြပါတယ်။ တစ်ကြိမ်အကိုက်ခံရရုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံးအဆိပ်ပြန့်သွားပြီး သေဆုံးနိုင်ပါတယ်။
Black Mamba
ဒီမြွေတွေရဲ့ ပါးစပ်အတွင်းပိုင်းဟာ အနက်ရောင်ဖြစ်နေတဲ့အတွက် သူတို့ကို Black Mamba လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်းနှင့် အရှေ့ဖက်သစ်တောတွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့မြန်နှုန်းဟာ တစ်နာရီကို ၁၂ မိုင်ခန့်ရှိပါတယ်။ ဒါကြောင့် ဒီမြွေတွေနဲ့ထိပ်တိုက်တွေ့ရင် လွတ်မြောက်နိုင်ဖို့ အခွင့်အရေး အရမ်းနည်းနေပါပြီ။ သူတို့ရဲ့ အဆိပ်နှစ်စက်က လေဖြတ်ခြင်းနှင့် နှလုံးခုန်ရပ်တန့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
Banded Krait
အိန္ဒိယနိုင်ငံရဲ့ အန္တာရာယ်အရှိဆုံး မြွေလေးမျိုးထဲက အကြီးဆုံးမြွေဖြစ်ပါတယ်။ သူတို့ရဲ့အရှည်ဟာ ၆.၉ ပေလောက်ရှိပြီး ညဖက်မှသာ အစာရှာထွက်တတ်ကြပါတယ်။ ပုံမှန်အားဖြင့်သူတို့ဟာ မကိုက်တတ်ပေမယ့် ညဖက်မှာတော့ သူတို့ကိုသတိထားရပါလိမ့်မယ်။ မြွေဟောက်အမျိုးအစားဖြစ်တဲ့အတွက် တစ်ခါကိုက်ရုံနဲ့ ကြွက်သားတွေကိုတင်းကြပ်စေပြီး အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီမြွေတွေကိုမြင်ရင် လွတ်အောင်သာ အမြန်ဆုံးပုန်းရှောင်ဖို့ သတိပေးလိုပါတယ်။