သင်မသိသေးတဲ့ ကြွက်တွေရဲ့ ထူးထူးခြားခြားအချက်များ..
mmload.com
|
2023-05-04

လူတိုင်းကကြွက်တွေကို မြင်ဖူးကြပေမယ့် သူတို့ဘာလုပ်နိုင်စွမ်းရှိလဲ ဆိုတာကိုတော့ မသိကြပါဘူး။ သူတို့မှာ သင်တို့မထင်ထားတဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေ ရှိပါတယ်။ 


(၁) ကြွက်တွေဟာ နံရံတွေပေါ်မှာသော်လည်းကောင်း၊ တောင်စောင်းတွေပေါ်မှာသော်လည်းကောင်း ကပ်တွယ်ပြီး သွားလာနိုင်ပါတယ်။ သူတို့ရဲ့ သန်မာတဲ့ခြေထောက်နှင့် ခြေသည်းတွေကြောင့် မျက်နှာကြက်တွေမှာတောင် ကပ်တွယ်ပြီး သွားလာနိုင်ပါတယ်။ 

(၂) ကြွက်တွေရဲ့ မြန်နှုန်းဟာ မယုံနိုင်လောက်အောင် တစ်နာရီကို ရှစ်မိုင်ထိပြေးနိုင်ပါတယ်။ ဒါဟာ သာမန်လူတစ်ယောက်ထက်ပိုတဲ့ ပြေးနှုန်းတစ်ခုပါ။ 


(၃) ကြွက်တွေဟာ လျင်မြန်တဲ့အပြင် ရပ်လျက်အနေအထားမှာ ၁၈ လက်မအထိခုန်နိုင်ပါတယ်။ 


(၄) ကြွက်တွေဟာ သူတို့ထက်သေးငယ်တဲ့အပေါက်တွေမှာလည်း ဝင်ထွက်နိုင်စွမ်းရှိပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ကြွက်သားတွေဟာ ဆွဲဆန့်ပြီး သေးငယ်အောင်လုပ်နိုင်စွမ်းရှိလို့ပါ။ 

(၅) ကြွက်တွေမှာ လူတွေမထင်ထားတဲ့ မှတ်ဉာဏ်ကောင်းတွေရှိပါတယ်။ သူတို့ရဲ့မှတ်ဉာဏ်နဲ့ အစာအရင်းအမြစ်တွေရဲ့တည်နေရာကို မှတ်သားထားကြတာဖြစ်ပါတယ်။

(၆) ကြွက်တွေဟာ ရေနေသတ္တဝါတွေမဟုတ်ပေမယ့် ရေကူးကျွမ်းကျင်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ 


(၇) ကြွက်တွေဟာ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ပြီး သစ်တော၊ လယ်ကွင်း၊ မြို့ပြဒေသနှင့် သဲကန္တာရတွေအထိ ပတ်ဝန်းကျင်အမျိုးမျိုးမှာ အသက်ရှင်နိုင်ကြပါတယ်။ 


ဒါတွေအားလုံးဟာ ကြွက်တွေရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဒီထဲကတစ်ချို့အချက်တွေက သင့်အိမ်မှာကြွက်မဝင်အောင်ကာကွယ်ဖို့အတွက် နည်းလမ်းရှာဖွေရာမှာ အသုံးဝင်နိုင်ပါတယ်။




Some text some message..