သင်မသိသေးတဲ့ ကျားတွေရဲ့ ထူးထူးခြားခြားအချက်များ..
mmload.com
|
2023-05-08

ကျားတွေဟာ လှပပြီးတော့ ခွန်အားကြီးတဲ့ ကြောင်မျိုးစိတ်တွေဖြစ်ကြပါတယ်။ ရိုင်းစိုင်းပြီး အသားစားတဲ့သတ္တဝါတွေဖြစ်တဲ့အတွက် လူတွေအတွက်တော့ အန္တရာယ်ရှိတဲ့အကောင်တွေပါ။ ကျားတွေကို သင်မြင်ဖူးနိုင်ပေမယ့် သူတို့မှာ သင်မသိသေးတဲ့ လျှို့ဝှက်ချက်များစွာရှိပါတယ်။ အဲ့အချက်တွေထဲက အချို့ကိုဖော်ပြပေးသွားပါမယ်။ 


ကျားတွေဟာ တောကြောင်မျိုးစိတ်တွေထဲမှာအကြီးဆုံးသတ္တဝါဖြစ်ပါတယ်။ Royal Bengal Tigers အမျိုးအစားကျားအထီးတွေဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ထိရှိပါတယ်။ ဒီအလေးချိန်ဟာပျမ်းမျှလူခြောက်ယောက်ရဲ့အလေးချိန်နဲ့ညီမျှပြီး သင့်ရှေ့ရောက်လာခဲ့ရင်ရုတ်တရက်လန့်သေနိုင်တဲ့ အရွယ်အစားလောက်ရှိပါတယ်။  
ကျားတွေဟာ နေ့အချိန်ထက် ညအချိန်မှာ အမဲလိုက်ခြင်းကိုပိုပြီးနှစ်သက်ကြပါတယ်။ ကျားတွေအားလုံးက ညအချိန်မှာ အမဲမလိုက်ကြပေမယ့်အများစုကတော့ ညအချိန်မှသာ အမဲလိုက်တတ်ကြပါတယ်။ အကြောင်းကတော့ နေ့အချိန်မှာလူတွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့နှင့် သားကောင်တွေကို အငိုက်ဖမ်းရာမှာပိုမိုလွယ်ကူလို့ဖြစ်ပါတယ်။ 
ကျားသားပေါက်လေးတွေဟာမွေးကင်းစအရွယ်မှာ ဘာမှမမြင်နိုင်ဘဲ မိခင်ရဲ့ရနံ့အတိုင်းသာလိုက်သွားရပါတယ်။ဒါကြောင့် ကျားသားပေါက်အများစုဟာ ငတ်မွတ်ခြင်းနှင့်အအေးမိရောဂါကြောင့်သေဆုံးကြပြီး အနည်းစုသာအသက်ရှင်ကြပါတယ်။ အချို့ကျားထီးတွေဟာကျားမတွေကိုမိတ်လိုက်ချင်တဲ့အတွက် သားပေါက်လေးတွေကို စားပစ်လိုက်ကြပါတယ်။
 ကြောင်တွေနဲ့မတူဘဲ ကျားတွေဟာရေကူးခြင်းကိုနှစ်သက်ပါတယ်။ကျားတွေဟာ ရေထဲမှာတောင်ခွန်အားကြီးပြီး သတ်ပုတ်နိုင်စွမ်းရှိပါတယ်။အရွယ်ရောက်ပြီးတဲ့ကျားတွေဟာ တစ်ရက်ကို ၃၀ ကီလိုမီတာထိ ရေကူးနိုင်ပါတယ်။
  ကျားတွေဟာ အခြားကြောင်မျိုးစိတ်တွေနဲ့လည်း မိတ်လိုက်နိုင်ပါတယ်။ဥပမာ- ကျားထီးဟာ ခြင်္သေ့မနဲ့မိတ်လိုက်တဲ့အခါ အကြီးဆုံးကြောင်မျိုးစိတ်ဖြစ်တဲ့မျိုးစပ်သတ္တဝါ Tigon ကို ရလာပါတယ်။ Tigonတွေဟာ Liger တွေထက်ပိုမိုကြီးထွားနိုင်ပါတယ်။ Liger ဆိုတာ ခြင်္သေ့အထီးနှင့်ကျားအမတို့ မိတ်လိုက်ပြီးရလာတဲ့ မျိုးစပ်သတ္တဝါဖြစ်ပါတယ်။ 







Some text some message..