
Pit Bull Terriers ဆိုတာကတော့ ကမ္ဘာ့အကြမ်းဆုံး တိုက်ခိုက်ရေးခွေးတွေပဲဖြစ်ပါတယ်။ Pit Bull နှင့် Terriers ခွေးတွေမျိုးစပ်ပြီးရလာတဲ့ ခွေးအမျိုးအစားတစ်ခုပါ။ အမေရိကန်မှာအစပြုတဲ့အတွက် American Pit Bull Terriers လို့လည်း ခေါ်ကြပါတယ်။ ရဲ့ရင့်ပြီး ဖော်ရွေ့တဲ့အပြင် ဉာဏ်ကောင်းတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။

သူတို့ဟာ အလေးချိန်အားဖြင့် (၃၅-၆၀) ပေါင် ပဲရှိပေမယ့် သူတို့ထက်အဆမတန်ကြီးတဲ့ ခွေးတွေကိုလည်း အနိုင်တိုက်ခိုက်နိုင်ပါတယ်။ သူတို့ဟာ တိုက်ခိုက်ရေးပိုင်းမှာ ကျွမ်းကျင်ရုံသာမက ခံနိုင်ရည်အားအတော်ကောင်းတဲ့ခွေးတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် Pit Bull Terriers တွေကို ခွေးအချင်းချင်းတရားမဝင်တိုက်ခိုက်ဖို့အတွက် လူမဆန်စွာ မွေးမြူလေ့ကျင့်ပေးခဲ့ကြပါတယ်။

ဒီလိုခွေးတွေမှာ သူတို့သခင်ကိုအရမ်းချစ်တတ်တဲ့ စိတ်ရှိပါတယ်။ တရားမဝင်ခွေးရန်ပွဲတွေမှာတောင် သခင်တွေကိုယ်တိုင်က သူတို့ခွေးကို ကြိုးနဲ့ထိန်းပေးရပါတယ်။ အကြောင်းကတော့ ဒီလိုခွေးတွေက သူ့သခင်ကို ရန်မပြုတတ်လို့ပါ။ ဒါပေမယ့် အချို့ခွေးပိုင်ရှင်တွေဟာ သူတို့ခွေးတွေကို ရက်စက်တဲ့စိတ်ထားတွေဖြစ်ပေါ်လာစေဖို့ ညှင်းပန်းနှိပ်စက်တတ်ကြပါတယ်။ ဒီလိုသခင်ကိုပိုင်ဆိုင်ထားတဲ့ Pit Bull Terriers တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်များပါတယ်။

တကယ်တော့ Pit Bull Terriers ခွေးတွေဟာ ချစ်တတ်ပြီး သစ္စာရှိတဲ့အပြင် ကလေးတွေလိုပဲ အဆော့မက်တဲ့ခွေးတွေပါ။ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးရင်တောင် အဖော်ကောင်းဖြစ်မယ့်ခွေးလေးတွေ ဖြစ်ပါတယ်။ သူတို့မေးရိုးကို မသုံးဖို့အတွက် ငယ်ငယ်ကတည်းက ကောင်းကောင်းပြုစုပျိုးထောင်ဖို့တော့ လိုအပ်ပါတယ်။ သူတို့ရဲ့သက်တမ်းက ၈ နှစ်မှ ၁၅ နှစ် အတွင်းရှိပါတယ်။