
မြွေပြဒါးမျိုးစိတ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ နေရောင်ခြည်မြွေတွေကို ကမ္ဘာ့အလှဆုံးမြွေအဖြစ်သတ်မှတ်ထားကြပါတယ်။ မြွေပြဒါးတွေကို အရှေ့တောင်အာရှရဲ့ကျွန်းဆွယ်တွေမှာ အများဆုံးတွေ့ရပါတယ်။ မြန်မာ၊ တရုတ်နိုင်ငံတောင်ပိုင်း၊ လာအို၊ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတွေမှာ အဓိကတွေ့ရတဲ့ မြွေမျိုးစိတ်တွေဖြစ်ပါတယ်။

သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ထားတဲ့ တောက်ပတဲ့အကြေးခွံတွေကြောင့် ကမ္ဘာ့အလှဆုံးမြွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သူတို့ရဲ့ပင်ကိုအရောင်က မီးခိုးရောင်၊ အနက်ရောင် (သို့မဟုတ်) အညိုရောင်ဖြစ်နေပေမယ့် နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တဲ့အခါ သူတို့ရဲ့အရောင်ဟာ ပိုမိုတောက်ပပြီး လုံးဝပြောင်းလဲသွားပါတယ်။ သူတို့ကိုရှာဖွေဖို့လွန်ခက်ခဲ့ပြီး အချို့တွေက ရုပ်ကြွင်းတွေဖြစ်သွားကြပါပြီ။ အများစုက မြေအောက်ထဲမှာသာ နေတတ်ကြပါတယ်။

သူတို့က မြေအောက်မှာနေထိုင်ကြပေမယ့် မနက်နှင့် ညနေတွေမှာ မြေမျက်နှာပြင််ပေါ််ကိုထွက်လာပြီး အမဲလိုက်ကာ အစာရှာတတ်ကြပါတယ်။ အမဲလိုက်တဲ့အခါ တောက်ပတဲ့အကြေးခွံနဲ့ သားကောင်တွေကို ဆွဲဆောင်ကြပါတယ်။ ကံဆိုးမိုးမှောင်ကျတဲ့သားကောင်တွေက သူတို့ရဲ့အစာဖြစ်ခဲ့ရပါတယ်။

သူတို့ရဲ့အရှည်က (၃-၄) ပေလောက်ရှိပါတယ်။ သက်တမ်းကတော့ အနည်းဆုံး (၁၅) နှစ်မှ (၂၀) ကျော်ထိအသက်ရှင်နိုင်ပါတယ်။
သင်ဒီလိုလှပတဲ့ မြွေမျိုးစိတ်တွေကို မြင်ဖူးပါသလား..။ မြန်မာပြည်က ဒီလိုမြွေမျိုးစိတ်ကို မြင်ဖူးသူတွေကတော့ အထင်ကြီးစရာပါပဲ..။