
အာဖရိကပင်ဂွင်း (Spheniscus demersus) ဟာ အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးယူနီယံ (IUCN) ရဲ့ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရိစ္ဆာန်တွေစာရင်းမှာ ပါဝင်ပါတယ်။ အာဖရိကအနောက်တောင်ပိုင်းမှာအဓိကနေထိုင်ကြပြီး ၂၀၁၅ ခုနှစ်မှာ ပင်ဂွင်းအတွဲ ၂၀၈၅၀ ခန့်ရှိပါတယ်။ ငါးအလွန်အကျွံဖမ်းခြင်း၊ ဆီယိုဖိတ်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် လူသားတွေရဲ့နေထိုင်ရာဒေသတိုးပွားလာခြင်းတို့ကြောင့် မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုက ပင်ဂွင်းကောင်ရေသန်းပေါင်းများစွာရှိခဲ့ပေမယ့် အခုချိန်မှာ သူတို့အကောင်ရေရဲ့ (၁) ရာခိုင်နှုန်းခန့်သာကျန်တော့တယ်လို့ သိရပါတယ်။

အာဖရိကပင်ဂွင်းတွေဟာ မပျံသန်းနိုင်ပေမယ့် ရေကူးရာမှာ အလွန်ထူးချွန်တဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ သူတို့ရဲ့အတောင်ပံနှင့် မျဥ်းကွေးပုံခြေထောက်တွေကိုအသုံးပြုပြီး တစ်နာရီကို (၁၅) မိုင်ထိရောက်အောင် ကူးခတ်နိုင်ပါတယ်။ သူတို့ဟာ ပြည်ကြီးငါးတွေကို အဓိကစားသုံးကြပါတယ်။ တစ်နှစ်မှာ ဥနှစ်လုံးစီဥတတ်ကြပြီး သားမပေါက်ခင် ၃၈ ရက်ထိ မိဘတွေကတစ်လှည့်စီ ဥကိုစောင့်ရှောင့်ပေးရပါတယ်။ ပင်ဂွင်းလေးတွေမှာ သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းဖို့အတွက် မျက်လုံးတစ်ဝိုက်မှာ ပန်းရောင်ဂလင်းတွေရှိပါတယ်။

ဒီလိုမျိုးတုန်းတော့မယ့်တိရိစ္ဆာန်တွေကို ပျောက်ကွယ်မသွားအောင် သုတေသီတွေက ကာကွယ်ထိန်းသိမ်းထားကြပါတယ်။ ဒီလိုဂရုတစိုက်ထိန်းသိမ်းထားမှုကြောင့် ပစ်ပါစ်မြို့မှာရှိတဲ့ ငှက်ရုံတစ်ခုမှာ အာဖရိကပင်ဂွင်းလေးတစ်ကောင် အောင်မြင်စွာသားပေါက်နိုင်ခဲ့ပါတယ်။ အာဖရိကပင်ဂွင်းလေးတွေဟာ သားပေါက်အရွယ်မှာ ၂.၇ အောင်စခန့်သာအလေးချိန်ရှိပြီး သံပုရာသီးအရွယ်အစားခန့်သာရှိပါတယ်။ (၃) လကြာမှသာ သူတို့ရဲ့ပုံမှန်အရွယ်အစားကိုရောက်ရှိပြီး အလေးချိန် ၁၀ ပေါင်လောက်ထိ ရှိကြတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖