
ကျား နှင့် ကျားသစ် နှစ်မျိုးစလုံးကတော့ ပန်သာရာမျိုးရိုးမှ ဆင်းသက်လာတဲ့ ကြောင်ကြီးမျိုးတွေ ဖြစ်ပါတယ်။ မျိုးရိုးဗီဇအားဖြင့် တူညီကြပေမယ့် သူတို့နှစ်ကောင်ကြားမှာတော့ သိသာထင်ရှားတဲ့ ကွဲပြားမှုတော့ ရှိပါတယ်။ ဒါဆို ဘာတွေကွဲပြားသွားလဲ...?

Photo Credit - From Google
(၁) အကောင်အရွယ်အစား
ကျားတွေက ကြောင်မျိုးစိတ်အားလုံးထဲမှာ အကြီးဆုံးပါ။ အရွယ်ရောက်ပြီးသား အထီးတစ်ကောင်ဆိုရင် ပျမ်းမျှအရှည် ၉ ပေ မှ ၁၀ ပေအထိရှိကြပြီး အလေးချိန်မှာ ပေါင် ၄၀၀ မှ ၆၀၀ အထိရှိကြပါတယ်။ ဒါပေမယ့် အမတွေကတော့ အထီးတွေထက် အနည်းငယ်သေးကြပါတယ်။
ကျားသစ်တွေကတော့ ကျားတွေထက်စာရင် အကောင်အရွယ်စားက သိသိသာသာ သေးငယ်ကြပါတယ်။ အရွယ်ရောက်ပြီးသား ကျားသစ်အထီးတစ်ကောင်ဆိုရင် ပုံမှန်အားဖြင့် အရှည် ၄ ပေမှ ၆ ပေ အထိရှိပြိး အလေးချိန်မှာ ပေါင် ၈၀ မှ ၂၀၀ အထိပဲ ရှိကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
(၂) အသွင်အပြင်
ကျားတွေမှာ လိမ္မော်ရောင် (သို့) နီညိုရောင် အမွေးတွေပေါ်မှာ အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းများဖြင့် တမူထူးခြားနေပြီး ကျားသစ်များမှာတော့ အဝါရောင်အမွေများပေါ်မှာ နှင်းဆီပန်းပွင့်ပုံစံ အနက်ရောက်အစက်အပျောက်များဖြင့် တစ်မျိုးစီလှပနေကြတာ ဖြစ်ပါတယ်။
(၃) နေထိုင်ရာနေရာ
ကျားတွေကို အိန္ဒိယ၊ ရုရှားနှင့် အင်ဒိုနီးရှား နိုင်ငံများအပါအဝင် အာရှရဲ့ သစ်တောများမှာ အဓိကတွေ့ရှိပါတယ်။ ကျားသစ်တွေကတော့ အာဖရိကတစ်ဝှမ်းရှိ တောင်တန်းတွေ၊ မြက်ခင်းပြင်၊ သစ်တော စတဲ့နေရာတွေအပြင် အာရှတစ်ဝှမ်းရှိ အရပ်ဒေသအမျိုးမျိုးမှာ တွေ့ရပါတယ်။

Photo Credit - From Google
(၄) အမဲလိုက်ခြင်း
ကျားတွေကတော့ အလွန်လောဘကြီးတဲ့ သူတွေဖြစ်လို့ အဓိကအားဖြင့် သမင်၊ တောဝက်နှင့် ကျွဲတွေလို အကောင်ကြီးတဲ့ တိရစ္ဆာန်ကြီးကို ပစ်မှတ်ထား အမဲလိုက်ကြပါတယ်။ ကျားသစ်တွေကတော့ စွယ်စုံရ မုဆိုးများဖြစ်တာကြောင့် အကောင်ကြီးတွေအပြင် သေးငယ်တဲ့ နို့တိုက်သတ္တဝါတွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါများနှင့် ငါးများကိုပင် အမဲလိုက်နိုင်ကြပါတယ်။
ဒီအချက်တွေကို နှိုင်းယှဉ်ကြဉ့်ရင်တော့ ကျားနှင့် ကျားသစ် ကြားမှာ ဘာတွေကွဲပြားသွားလဲဆိုတာ သိသာစေပါတယ်။ ခြုံငုံပြီးပြောရရင် ကျား နှင့် ကျားသစ် နှစ်ကောင်စလုံးဟာ တကယ့်ကို အထင်ကြီးစရာ တောဘုရင်တွေဖြစ်ပေမယ့် ကျားကတော့ ပိုပြီး သိသာထင်ရှားတယ်လို့ ယူဆမိပါတယ်။

Photo Credit - From Google