ပုရွက်ဆိတ်တွေက အိပ်စက်ကြသလား ?
mmload.com
|
2023-06-10

အလုပ်ကြိုးစားသူတွေလို့တောင် ပြောင်းခေါ်ရတဲ့ ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့ သီးသန့် အနားယူချိန်ရှိပေမယ့် ကျွန်တော်တို့ လူသားတွေအပါအဝင် အခြားတိရစ္ဆာန်တွေလိုတော့ အိပ်စက်ခြင်းမရှိကြပါဘူး။ အရှင်းဆုံးပြောရရင် သူတို့ရဲ့ တစ်နေ့တာလုံးကို အိပ်စက်ခြင်းထက် အနားယူတဲ့ ပုံစံဖြင့်သာ လည်ပတ်ကြတာပါ။



Photo Credit - From Google 

သုတေသနပညာရှင်တွေရဲ့ လေ့လာချက်မှာတော့ ပုရွက်ဆိတ်တွေဟာ ၁၂ နာရီမှာ ၈ နာရီခန့်က အနားယူတတ်ကြတယ်လို့ ဆိုပါတယ်။ အနားယူတဲ့ အချိန်မှာလည်း မလှုပ်မယှက်ဘဲနေကြပေမယ့် သူတို့ရဲ့ ပတ်ဝန်းကျင်ကိုတော့ နိုးနိုးကြားကြားရှိကြပါတယ်။



Photo Credit - From Google 

အနားယူတဲ့ နေရာကတော့ အသိုက်ရဲ့ သီးခြားနေရာတွေမှာပဲ စုဝေပြီးနေကြတာပါ။ ကျွန်တော်အယူအဆကတော့ ပုရွက်ဆိတ်တွေ ဒီလိုအနားယူကြတာဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အကောင်းမွန်ဆုံးလုပ်နိုင်အောင် စွမ်းအင်ချွေတာ ဖြစ်နိုင်ပါတယ်။  ပုရွက်ဆိတ်တွေ အနားယူတာနဲ့ ပတ်သက်ပြီး ဘယ်လို့ထင်လဲ။ သူတို့ ဘာကြောင့် အိပ်စက်ခြင်းမရှိတာလဲ ဆိုတာ လူကြီးမင်းတို့ သိရင်လည်း ပြောပြပေးခဲ့ပါအုံး။



Photo Credit - From Google




Some text some message..