
                                                                                                        ကိုယ်ဝန်ဆောင်ခြင်းဟာ သတ္တဝါအားလုံးမျိုးပွားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ရတာချင်းတူပေမယ့် အချိန်ကာလကတော့ အနည်းနှင့်အများကွာခြားကြပါတယ်။ အချို့က လပိုင်းသာကြာတတ်ပေမယ့် အချို့ကတော့ နှစ်နဲ့ချီပြီးကြာတတ်ကြပါတယ်။ ဒီထဲကမှ ကိုယ်ဝန်ဆောင်ကာလအကြာဆုံးတိရိစ္ဆာန် (၃) မျိုးကို ဖော်ပြပေးသွားပါမယ်။
                                                                                                

                                                                                                ပင်လယ်နွား
(၁) ဆင်
                                                                                                ဆင်တွေဟာ ကိုယ်ဝန်ဆောင်ကာလအကြာဆုံး တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဆင်သားပေါက်လေးတစ်ကောင်ရဖို့အတွက် သူတို့ဟာ (၁၈) လ မှ (၂၂) လ ထိ (၂) နှစ်နီးပါး ဝမ်းမှာလွယ်ထားရပါတယ်။ လေ့လာချက်အရ ဉာဏ်ရည်မြင့်တဲ့ တိရိစ္ဆာန်တွေမှာ ကိုယ်ဝန်ဆောင်ကာလ ပိုကြာတတ်ပါတယ်။ ဆင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့အပြင် ခန္ဓာကိုယ်ကြီးတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလအရှည်ဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 
                                                                                                

                                                                                                ဆင်
(၂) ပင်လယ်နွား
                                                                                                ပင်လယ်နွားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကြောင့် ကိုယ်ဝန်ရှိ၊ မရှိတောင်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမကြာဘူးလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ သားပေါက်လေးတစ်ကောင်ရဖို့ (၁၃) လ နီးပါး ဝမ်းမှာလွယ်ထားရပါတယ်။ 
                                                                                                

                                                                                                ပင်လယ်နွား
(၃) ကုလားအုတ်
                                                                                                ကုလားအုတ်တွေဟာ ရေမသောက်ဘဲအချိန်အကြာကြီးနေနိုင်သလိုပဲ သားပေါက်လေးတစ်ကောင်ရဖို့ အချိန်အကြာကြီးစောင့်ရပါတယ်။ သူတို့ရဲ့ကိုယ်ဝန်ဆောင်ကာလဟာ (၁၃) လ မှ (၁၅) လ ထိကြာတတ်ပါတယ်။
                                                                                                
 
                                                                                                
                                                                                                ကုလားအုတ် 
ကုလားအုတ်ဖော်ပြထားတဲ့ တိရိစ္ဆာန်တွေပြီးရင် ဘယ်လိုသတ္တဝါတွေက ကိုယ်ဝန်ဆောင်ကာလ အကြာဆုံးဖြစ်မယ်ထင်လဲ..။