ကမ္ဘာ့အကြီးဆုံးဝေလငါးတွေရဲ့ စိတ်ဝင်စားဖွယ်ထူးခြားချက်များ..
mmload.com
|
2023-06-16

ကမ္ဘာပေါ်က ကုန်းနေ၊ ရေနေသတ္တဝါအားလုံးမှာ အပြာရောင်ဝေလငါးတွေဟာ အကြီးဆုံးဖြစ်ပါတယ်။ သူတို့ဟာ အသံလည်းကျယ်သလို အသက်လည်းရှည်ပါတယ်။ ကြီးမားလွန်းတဲ့ သူတို့ရဲ့အရွယ်အစားကြောင့် မျိုးတုန်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့လည်း ကြုံတွေ့နေပါတယ်။ ဒီလိုထူးခြားတဲ့ အပြာရောင်ဝေလငါးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြပေးသွားပါမယ်။ 


(၁) အပြာရောင်ဝေလငါးတွေဟာ ပေ ၁၀၀ ထက်ပိုရှည်နိုင်ပါတယ်။ သူတို့ရဲ့ပျမ်းမျှအရှည်ဟာ ပေ ၈၀ မှ ပေ ၁၀၀ ထိသာရှိပေမယ့် အရှည်ဆုံးတိုင်းတာနိုင်တဲ့ ဝေလငါးအမဟာ ၉၇ ပေထိရှိပါတယ်။ အဆိုပါဝေလငါးထက်ရှည်တဲ့ ဝေလငါးတွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။ 


(၂) ဝေလငါးတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်ဟာ ဆင်အကောင် (၃၀) နဲ့ တူညီပါတယ်။ အာဖရိကဆင်တစ်ကောင်ရဲ့ ပျမ်းမျှအလေးချန်ဟာ ၆ တန်ခန့်သာရှိပြီး ဝေလငါးတွေရဲ့အလေးချန်က တန် ၁၅၀ မှ တန် ၂၂၀ ထိ ရှိပါတယ်။

(၃) ဝေလငါးတွေဟာ ကြီးမားပြီး ဆင်တစ်ကောင်နီးပါးလောက် အလေးချိန်ရှိတဲ့ လျှာကိုပိုင်ဆိုင်ထားပါတယ်။ 


(၄) အပြာရောင်ဝေလငါးတွေဟာ အသံအကျယ်ဆုံးတိရိစ္ဆာန်တွေဖြစ်ပြီး သူတို့အသံဟာ ဂျက်လေယာဥ်တစ်စီးကထုတ်တဲ့အသံထက် ပိုကျယ်ပါတယ်။

(၅) ဝေလငါးတွေဟာ အစားအစာအတွက် ပုဇွန်ဆိတ်ကို စားသုံးကြပါတယ်။ သူတို့အစာရှာတဲ့ နွေကာလမှာ တစ်ရက်ကို ပုဇွန်ဆိတ်ကောင်ရေအနည်းဆုံး ၄၀ မီလီယံ စားသုံးကြပါတယ်။


ဝေလငါးတွေကတော့ တကယ့်ကိုထူးခြားပြီး အံ့ဩစရာကောင်းတဲ့ တိရိစ္ဆာန်တွေပါပဲ..။




Some text some message..