သာမန်ကုန်းနေ ခရုတစ်ကောင်မှာ သွားပေါင်း ၁၄၀၀၀ ရှိတယ်ဆိုတာ သိပါသလား...?
mmload.com
|
2023-06-21

ခရုတွေမှာ သွားရှိလားလို့ မေးရင် လူ ၁၀၀၀ မှာ ၉၉ ရာခိုင်နှုန်းက မရှိဘူးလို့ဘဲ ပြောကြမှာပါ။ တကယ်တော့ ခရုတွေမှာ ကျွန်တော်တို့ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ သွားတွေ ရှိနေပါတယ်။



Photo Credit - From Google 

  နယူးကာဆယ်တက္ကသိုလ်မှ အကြီးတန်းကထိက ဒေါက်တာ Gordon Port ရဲ့ သုတေသနပြုချက်မှာ ခရုမျိုးစိတ်အများစုမှာ ကျွန်တော်တို့ လူသားတွေနဲ့ ဆင်တူတဲ့ လျှာရှိပြီး အဲ့ဒီလျှာပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ သွားတယ်လို့ အဆိုပြုခဲ့ပါတယ်။ အဲ့ဒီသွားတွေက သူတို့အစာစားတဲ့ အခါမှာ အစားတွေကို အလွယ်တကူ ချေမှုန်းနိုင်အောင် ကူညီပေးပါတယ်။ 



Photo Credit - From Google 

 သူတို့ရဲ့ သွားတွေဟာ ပုံမှန်အားဖြင့် အစာစားတဲ့ အခါမှာ ယိုယွင်းပျက်စီးမှုတွေရှိတာဖြစ်လို့ ပျက်စီးမှုရှိတဲ့အခါမှာ ပြန်လည်အစားထိုးကြပါတယ်။ သာမန်ကုန်းနေ ခရုတစ်ကောင်မှာ သွာပေါင်း ၁၄၀၀၀ ခန့်ရှိပြီး သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ သွားပေါင်း ၂၅၀၀၀ လောက်အထိ ပေါက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သွားပေါက်နိုင်တဲ့ အရေအတွက်က ခရုမျိုးစိတ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ 



Photo Credit - From Google 




Some text some message..