အန်ကောဝပ်နဲ့ တစ်ချိန်တည်း တည်ဆောက်ခဲ့တယ်လို့ ယူဆရတဲ့ ရှေးဟောင်းတောတွင်းဘုရားကျောင်း
mmload.com
|
2023-06-27

ကမ္ဘောဒီးယားနိုင်ငံရဲ့ ထင်ရှားတဲ့ အဆောက်အအုံဆိုရင် အန်ကောဝပ်ဘုရားကျောင်းကိုပဲ ပြေးမြင်မိမှာပါ။ အန်ကောဝပ်ဘုရားကျောင်းကတော့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ့ကို ဆွဲဆောင်ထားရာ ရှေးဟောင်းဘုရားကျောင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမှာက အန်ကောဝပ်ဘုရားကျောင်း အကြောင်းတော့ မဟုတ်ပါဘူး။ 




Photo Credit - From Google 

 အန်ကောဝပ်ဘုရားကျောင်းနဲ့ တစ်ချိန်တည်း တည်ဆောက်ခဲ့တယ်လို့ ယူဆတဲ့ Prasat Beng Mealea လို့ခေါ်တဲ့ တောတွင်းရှေးဟောင်း ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းမှာ ရက်စွဲ၊ ကမ္ပည်းမှတ်တမ်းတွေ မရှိပေမယ့်  ဟိန္ဒူဘုရားကျောင်းတစ်ခုအနေနဲ့ အန်ကောဝပ်ကို တစ်ချိန်တည်းမှာပဲ ဆောက်လုပ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းရဲ့ တည်ဆောက်ပုံက အန်ကောဝပ် ပုံစံချင်းဆင်တူတာကြောင့် ဒီဘုရားကျောင်းဟာ  ဗိမာန်ကြီးရဲ့ ရှေ့ပြေးပုံစံလို့လည်း ထင်ရပါတယ်။





Photo Credit - From Google 

 ဘာကြောင့်လဲဆိုတော့ ဘုရားကျောင်းဟာ အရှေ့ဘက်သို့ မျက်နှာမူကာ ကျယ်ဝန်းတဲ့ ကျုံးဖြင့်ဝန်းရံထားတဲ့ နေရာကြီးတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဗျူဟာမြောက် သိသာထင်ရှားတဲ့ လမ်းဆုံလမ်းခွအနီးမှာ တည်ရှိပြီး ရှေးခေတ် နန်းတွင်း အဝေးပြေးလမ်းမကြီးမှ အန်ကောဝပ်နှင့် Preah Vihear တို့ကို ရှေးခေတ်လမ်းမှ ခွဲထွက်တဲ့ လမ်းခွဲလည်း ဖြစ်နေလို့ပါ။




Photo Credit - From Google 

နောက်ပိုင်းမှာ Beng Mealea တောတွင်းဘုရားကျောင်းဟာ ကြီးကြီးမားမား ပြုပြင်မွမ်းမံထားပေမယ့် အချိန်ကြာလာတဲ့ အခါမှာတော့ ဘုရားကျောင်းရဲ့ နံရံတွေနဲ့ တိုင်းလုံးတွေက ပြိုကျပျက်စီးနေသလို သစ်ပင်ခြုံနွယ်များ တွယ်ကပ်ပေါက်ရောက်နေပြီး လွှမ်းမောဖွယ်ဖြစ်နေခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပြည့်တွင်းပြည်ပက သမိုင်းကြောင်းနှင့် ရှေးဟောင်းဗိသုကာလက်ယာတွေကို စိတ်ဝင်စားတဲ့ သူတွေကြားမှာ ဆွဲဆောင်ထားတဲ့ နေရာဖြစ်နေခဲ့ပါပြီ။ 




Photo Credit - From Google 

 




Some text some message..