လူတွေထက်အဆပေါင်းများစွာ အသက်ရှည်ကြတဲ့တိရိစ္ဆာန်များ
mmload.com
|
2023-07-14

(၁) Turritopsis doohmii Jellyfish 

ဒီ Jellyfish တွေဟာ သူတို့ခန္တာကိုယ်ထိခိုက်ရင် ပြန်ပြီးကုစားနိုင်စွမ်းရှိကြတာကြောင့် တော်ရုံမသေတဲ့အကောင်တွေဖြစ်ပါတယ်။ သူတို့ဟာ ဒဏ်ရာရတာ ဒါမှမဟုတ် အကောင်တွေအကိုက်ခံရလို့အနာဖြစ်တာမျိုးကို သုံးရက်အတွင်းမှာ အရေပြားအသစ်ပေါ်လာပြီး သဘာဝအလျောက်အစားထိုးကုသနိုင်စွမ်းရှိကြတဲ့အကောင်တွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ လုံးဝတိုက်ခိုက်ခံရတာမဟုတ်ရင် ရာစုနှစ်နှင့်ချီပြီးရှင်သန်နိုင်ကြပါတယ်။


(၂) Ever Glowing Lobsters 

ပင်လယ်ကြမ်းပြင်တစ်ဝိုက်မှာနေထိုင်တဲ့ Lobsters အနီရောင်တွေဟာ ရောဂါနှင့် သားကောင်တွေကြောင့်မဟုတ်ရင် မသေနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ခန္တာကိုယ်ဟာအသက်ကြီးလာတာနှင့်အမျှ ပျက်စီးချို့ယွင်းမှုရယ်လို့မရှိလာတဲ့အတွက်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ Lobsters အမတစ်ကောင်ဟာ အသက် (၁၄၀) ကျော်အထိအသက်ရှည်ဖူးတဲ့မှတ်တမ်းရှိပါတယ်။ 



(၃) Planarian worms

အရောင်စုံတွေနှင့်လှနေတဲ့ ဒီကောင်လေးတွေဟာလည်းပဲတော်ရုံသေဖို့ခက်ခဲတဲ့အကောင်တွေဖြစ်ပါတယ်။ သူတို့ဟာတိုက်ခိုက်မှုတွေကြောင့် ခန္တာကိုယ်ကနှစ်ပိုင်းဖြစ်သွားရင်တောင် မတူညီတဲ့အကောင်နှစ်ကောင်အဖြစ် ဖြစ်ပေါ်လာနိုင်စွမ်းရှိတဲ့အကောင်တွေဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာရောဂါနှင့်အိုမင်းလာခြင်းကိုပါ ဆန့်ကျင်နိုင်စွမ်းရှိတာကြောင့် သေဆုံးဖို့ခက်ခဲတဲ့တိရိစ္ဆာန်တွေဖြစ်ပါတယ်။ 





Some text some message..