မြင်းတစ်ကောင်ရဲ့ သက်တမ်းက ဘယ်လောက်လဲ...?
mmload.com
|
2023-07-17

မြင်းတစ်ကောင်ရဲ့ သက်တမ်းက ဘယ်လောက်လဆိုတာက ခက်ခဲတဲ့ ပုဒ်စားတစ်ပုဒ်ပါ။ အမှန်တကယ် မြင်းတစ်ကောင်ရဲ့ သက်တမ်းကို ကြည့်မယ်ဆိုရင် သူတို့ရဲ့  မျိုးရိုး၊ မျိုးရိုးဗီဇ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေများအပါအဝင် အကြောင်းရင်းများစွာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ 



ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် မြင်းတစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၂၅ နှစ်မှ ၃၀ ဝန်းကျင်လောက်သာ ရှင်သန်ကြပေမယ့် အချို့မြင်းတွေကတော့ အသက် ၃၀ ကနေ ၄၀ နှစ်အထိ ကောင်းမွန်စွာ ရှင်သန်ကြတယ်လို့ ဆိုပါတယ်။ 


ဒါပေမယ့် ပိုနီလိုမျိုး မြင်းမျိုးစိတ်ငယ်တွေက တခြားကြီးမားတဲ့ မြင်းမျိုးစိတ်များနှင့် နှိုင်းယှဉ်ရင်  သက်တမ်းပိုရှည်တတ်ပါတယ်။ မြင်းတွေ သက်တမ်းရှည်ဖို့ဆိုရင် သူတို့ကို ကောင်းစွာ ပြုစုစောင့်ရှောက်ပေးခြင်း ၊ တိရစ္ဆာန်ဆေးကုသရေး ပုံမှန်ခံယူခြင်း၊ သင့်လျော်တဲ့ အာဟာရ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှု လွန်ကဲစွာ မခံရခြင်းမခံအောင် လုပ်ဆောင်ပေးခြင်းဖြင့် မြင်းတွေကို အသက်ရှည်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ 


တကယ်လို့ သင့်မှာ မြင်းမွေးထားရင်တော့ သူတို့ သက်တမ်းပိုရှည်အောင် ပုံမှန်တိရစ္ဆာန်ဆေးကုသရေးစောင့်ရှောက်မှု၊ မျှတသောအစားအစာ၊ သင့်လျော်သောလေ့ကျင့်ခန်း လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။ 


သတင်း အရင်းအမြစ်៖




Some text some message..