သိုးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေ
mmload.com
|
2023-07-17
သိုးလေးတွေဟာ ထောင့်မှန်စတုဂံလိုမျိုးအမြင်ရှိကြတာကြောင့်ပတ်ဝန်းကျင်ဘေးနားကို ၃၆၀ ဒီဂရီအထိတွေ့နိုင်ကြပါတယ်။ ဒီလိုအမြင်ရှိခြင်းက သူတို့ကိုဖမ်းဆီးမယ့်သားကောင်တွေဆီကနေလွတ်မြောက်ရတဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ ပြီးတော့သူတို့ဟာ အနံ့ခံအာရုံမှာတစ်ခြားအကောင်တွေထက်ပိုပြီးတော့ ကောင်းမွန်တဲ့အာရုံခံစနစ်ရှိပါတယ်။ သိုးအမတွေဟာသိုးပေါက်လေးတွေရဲ့အသံကိုမူတည်ပြီး သူတို့ကလေးတွေကိုခွဲခြားသိနိုင်စွမ်းရှိတာဖြစ်ပါတယ်။
ပြီးတော့ ကမ္ဘာပေါ်မှာ သိုးမျိုးစိတ်ပေါင်း တစ်ထောင်ကျော်အထိရှိတာဖြစ်ပါတယ်။ သူတို့ဟာအနာတရဖြစ်ရင် အပင်တွေနှင့်တစ်ခြားအရာတွေကိုသုံးပြီးသူတို့ကိုယ်သူတို့ဆေးကုသနိုင်စွမ်းလည်းရှိကြပါတယ်။ သူတို့ဟာခံစားမှုတွေလည်းအနည်းအကျဥ်းရှိပြီးတော့ လူတွေနှင့်အလွယ်တကူယဥ်ပါးနိုင်တဲ့အကောင်လေးတွေဖြစ်ပါတယ်။
လေ့လာမှုတွေအရ သိုးတစ်ကောင်ဟာ တစ်ခြားသိုးအကောင် (၅၀)လောက်ကို မှတ်မိနိုင်တဲ့အပြင် ဒီလိုမှတ်မိတာဟာနှစ်နှစ်လောက်အထိကြာလေ့ရှိတယ်လို့သိရပါတယ်။ လူသားတွေရဲ့မျက်နှာကိုတောင်မှ အကြမ်းဖျင်းခွဲခြားပြီးသိနိုင်တယ်လို့ပြောပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့သိုးလေးတွေဟာ ရှေ့သွားတွေတော့မရှိကြပါဘူး။ ဒါပေမဲ့ အာခေါင်ကမာတာကြောင့်အောက်သွားတွေရှိတာနှင့်တင်အစားအစာကိုအဆင်ပြေပြေစားသုံးနိုင်ကြတာဖြစ်ပါတယ်။
#အစားအစာ
#ထောင့်မှန်စတုဂံ
#ခံစားမှု
#အပင်
#သားကောင်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်