
ခွေးတွေဟာ ကျွန်တော်တို့လူသားတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ ခွေးတစ်ကောင်ရဲ့ သက်တမ်းဟာ သူတို့ မျိုးစိတ်၊ အရွယ်အစား၊ မျိုးရိုးဗီဇနှင့် အလုံးစုံကျန်းမာရေးအပါအဝင် အချက်များပေါ်မူတည်ပြီး သိသိသာသာ ကွဲပြားနိုင်ပါတယ်။

ခွေးအများစုဟာ ပျမ်းမျှအားဖြင့် ၁၀ နှစ်မှ ၁၃ နှစ်ကြား အသက်ရှင်ကြပါတယ်။ ဒါပေမယ့် အချို့ခွေးမျိုးစိတ်များကတော့ အသက် ၁၅ နှစ် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး အသက်ရှည်ကြပေမယ့် အကောင်ကြီးမျိုးစိတ်များကတော့ ၇ နှစ်မှ ၁၀ အထိပဲ သက်တမ်းရှိကြတာ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ပြောရရင် သေးငယ်တဲ့ ခွေးမျိုးစိတ်တွေဖြစ်တဲ့ Chihuahuas၊ Dachshunds နှင့် Yorkshire Terriers များဟာ ယေဘုယျအားဖြင့် သက်တမ်းပိုရှည်ကြပြီး သူတို့ရဲ့ အသက်ဟာ ၁၀ နှစ် မှ ၁၅ နှစ်အထိ ရှင်နိုင်ပါတယ်။

အလတ်စားခွေးမျိုးဖြစ်တဲ့ Beagles၊ Cocker Spaniels နှင့် Bulldogs လို ခွေးတွေကတော့ ပုံမှန်အားဖြင့် ၁၀ နှစ်မှ ၁၃ နှစ်အထိ သက်တမ်းရှိပါတယ်။ ဒါပေမယ့် ခွေးကြီးမျိုးစိတ်ဖြစ်တဲ့ Labrador Retrievers၊ German Shepherds နှင့် Golden Retriever လိုမျိုး ခွေးမျိုးစိတ်တွေကတော့ အများအားဖြင့် အသက် ၇ နှစ်မှ ၁၂ နှစ်အထိပဲ အသက်ရှင်နိုင်ကြတာ ဖြစ်ပါတယ်။

ခွေးတစ်ကောင်ရဲ့ သက်တမ်းဟာ မျိုးစိတ် ၊ အရွယ်အစား နှင့် မျိုးရုံးဗီဇပေါ်မူတည်သလို ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကလည်း အရေးပါပါတယ်။
Source - Internet