ကမ္ဘာ့ အဆိပ်အပြင်းဆုံးမြွေမျိုးစိတ် (၅) မျိုး
mmload.com
|
2023-07-24

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာမြေပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၉၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာ သက်ရှိတွေအသက်သေဆုံးစေတဲ့ အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်တွေလည်း များစွာရှိပါတယ်။ ဒါပေမယ့် မြွေမျိုးစိတ်အများစုကတော့ အဆိပ်ရှိကြပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ အဆိပ်ရှိတဲ့ မြွေမျိုးစိတ်တွေထဲကတော့ အဆိပ်အပြင်ဆုံး မြွေမျိုးစိတ် (၅) မျိုးကို စုစည်းဖော်ပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) ကုန်းတွင်းထိုင်ပန် (Oxyuranus microlepidotus)


 ကုန်းတွင်းထိုင်ပန်လို့ လူသိများတဲ့ အဆိုပါမြွေမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီမြွေမျိုးစိတ်တွေက အများအားဖြင့် သြစတြေးလျမှာ တွေ့ရှိပြီး အာရုံကြောအဆိပ်သင့်စေတဲ့ ပြင်းထန်တဲ့ အဆိပ်များရှိပါတယ်။ 

(၂) ပင်လယ်မြွေ (Hydrophis belcheri)


Hydrophis belcheri လို့ခေါ်ကြတဲ့ ပင်လယ်မြွေတွေဟာ  အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းတို့မှာ အများဆုံး တွေ့ရတဲ့ မြွေဖြစ်ပါတယ်။ ပင်လယ်မြွေတွေဟာ မြွေမျိုးစိတ်တွေထဲမှာ ဒုတိယအဆိပ်အပြင်းဆုံး မျိုးစိတ်အဖြစ်သက်မှတ်ထားပါတယ်။ 

(၃) ကမ်းရိုးတန်းတိုင်ပန် (Coastal Taipan)


ဘုံထိုင်ပန်လို့ လူသိများတဲ့ ကမ်းရိုးတန်းတိုင်ပန်ဟာ ကုန်းတွင်းထိုင်ပန်ရဲ့ မျိုးကွဲထဲမှ အဆိပ်အပြင်းဆုံး မျိုးစိတ်နောက်တစ်မျိုးဖြစ်ပြီး  အာရုံကြောအဆိပ်သင့်စေတဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံးမြွေတွေထဲမှာ တစ်မျိုးလည်း ဖြစ်ပါတယ်။ 

(၄) မြွေဟောက် (King Cobra)


မြွေဘုရင်လို့ လူသိများတဲ့ မြွေဟောက်ဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး အဆိပ်သင့်မြွေဖြစ်ပြီး အရှေ့တောင်အာရှမှာ ပိုပြီတွေ့ရတဲ့ မြွေမျိုးစိတ်ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြပေးထားတဲ့ မြွေတွေလောက် အဆိပ်မပြင်းထန်ပေမယ့် ကြောက်စရာကောင်းတဲ့ အဆိပ်ပြင်းမြွေမျိုးစိတ်ဖြစ်ပါတယ်။ 

(၅) မမ်ဘာ (Dendroaspis polylepis)


မမ်ဘာ မြွေမျိုးစိတ့်ကလည်း မယုံနိုင်လောက်အောင် အဆိပ်ပြင်းဆုံးနဲ့ အလျင်မြန်ဆုံး မြွေမျိုးစိတ်တစ်မျိုးပါ။ ဒီမြွေတွေကို အများအားဖြင့် အာဖရိကတိုက်မှာပဲ တွေ့ရပါတယ်။ သူ့အဆိပ်ကည်း အာရုံကြောအဆိပ်သင့်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ 

အဆိပ်ပြင်းထန်ခြင်းရှိမရှိကတော့ မြွေမျိုးစိတ်ပေါ်မှာပဲ မူတည်ပါတယ်။ ယခုဖော်ပြပေးတဲ့ မြွေမျိုးစိတ်တွေကလည်း လူသားတွေအတွက် အဆိပ်သင့်ပေါ်မူတည်ပြီး အဆိပ်အပြင်းဆုံး မြွေမျိုးစိတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 




Some text some message..