အမြစ်မရှိ အပင်မရှိဘဲ ပန်းပွင့်ပဲရှိတဲ့ ကမ္ဘာ့အထူးဆန်းဆုံးပန်းပင်
mmload.com
|
2023-07-25
ဒီထူးဆန်းတဲ့ Hydnora africana ပန်းပင်ဟာအာဖရိကရဲ့သဲကန္တာရတွေမှာတွေ့ရတတ်တဲ့အပင်ဖြစ်ပါတယ်။ ဒီပန်းပွင့်တွေဟာ အပင်တို့ အရွက်တို့မရှိဘဲ အပွင့်တစ်မျိုးထဲပဲရှိတဲ့အပင်ဖြစ်ပါတယ်။ မြေအောက်မှာ ပင်စည်လိုမျိုးအရာကနေပြီး တစ်ခြားအပင်တွေရဲ့အမြစ်တွေထဲက ရေဓာတ်တွေကိုစုပ်ယူပြီး ပန်းပွင့်အဖြစ်ဖူးပွင့်လာတာဖြစ်ပါတယ်။
Hydnora africana ဟာ ပွင့်ချိန်ရောက်ရင် အရွက် အဖူးတွေမရှိဘဲ အပွင့်သက်သက်ပဲ မြေကြီးပေါ်ကိုထိုးထွက်လာပြီးပွင့်တတ်တာဖြစ်ပါတယ်။ ပန်းပွင့်ရဲ့အနံ့က အသားစိမ်းတွေပုတ်တဲ့အနံ့ဖြစ်တာကြောင့် အနံ့နောက်ကိုလိုက်ပြီးအလွယ်တကူပန်းပွင့်ကိုရှာဖွေနိုင်ပါတယ်။ ပျားနှင့်ယင်ကောင်တွေဟာလည်း ပန်းပွင့်ရဲ့ပုံစံနှင့်အနံ့ကြောင့် တိရစ္ဆာန်အသေကောင်လို့ထင်ပြီး ပန်းပွင့်အနားမှာရောက်လာတတ်ကြပါတယ်။
ပန်းပွင့်အနားကိုရောက်လာတဲ့အကောင်တွေကို ပွင့်ဖတ်အတွင်းမှာရောက်တာနှင့် ပြန်ထွက်မရအောင်ပိတ်ထားလိုက်ပါတယ်။ ပန်းပွင့်ရဲ့အတွင်းကအူတိုင်ပတ်လည်ဟာ ချွဲပျစ်ကပ်စေးတဲ့အရည်တွေရှိပြီးတော့ အကောင်တွေကိုပြန်ထွက်မရအောင်တားနိုင်ပါတယ်။ ဒီအကောင်လေးတွေကို ခြေမွစားသုံးပြီးရင်တော့ ပန်းပွင့်ဟာပြန်ပွင့်လာပြီးနောက်ထပ်သားကောင်တွေရောက်လာဖို့ထပ်စောင့်နေတာဖြစ်ပါတယ်။
#တိရစ္ဆာန်
#ပန်းပင်
#Hydnoraafricana
#သဲကန္တာရ
#ယင်ကောင်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်