လူတွေရဲ့စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ကိုကာပင်…
mmload.com
|
2023-07-25
ကိုကာပင်တွေဟာပီရူး၊ ဘိုလီးဗီးယားနှင့် အီကွေဒေါဒေသတွေမှာပေါက်ရောက်တဲ့ အပူပိုင်းချုံပင်အမျိုးအစားဖြစ်ပါတယ်။ကိုကာရွက်တွေမှာ alkaloid ကိုကင်းများပါဝင်ပြီး ပီရူးနှင့် ဘိုလီးဗီးယားမှ အိန္ဒိယလူမျိုးတွေကရာစုနှစ်များစွာကြာအောင် အပျော်ဝါးခဲ့ကြပါတယ်။ ဒါ့အပြင် ခက်ခဲပြင်းထန်တဲ့ အလုပ်အခြေအနေ၊ဆာလောင်မှုနှင့် ရေငတ်မှုတွေကို ခံနိုင်ရည်ရှိစေဖို့အတွက်လည်း အသုံးပြုကြတယ်လို့ သိရပါတယ်။
အဆိုပါကိုကာအရွက်တွေကိုထိုးသွင်းဖို့၊ ဆေးလိပ်အဖြစ်သောက်သုံးဖို့နှင့် အခြားနည်းလမ်းတွေအဖြစ်စားသုံးနိုင်ဖို့အတွက်အဖြူရောင်ပုံဆောင်ခဲမှုန့်အဖြစ်လည်း ပြုပြင်နိုင်ပါတယ်။ ကိုကင်းကို ပမာဏအနည်းငယ်စားလိုက်မယ်ဆိုရင်အစာစားချင်စိတ်လျော့နည်းလာပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။ စိတ်ကိုတက်ကြွစေတဲ့အပြင်စိတ်ချမ်းသာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကိုကင်းကို ခဏခဏသုံးစွဲမိမယ်ဆိုရင်စိတ်ဓာတ်ကျခြင်း၊ စိတ်တိုခြင်း၊ စိုးရိမ်ခြင်း၊ အိပ်မပျော်ခြင်း ၊ နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း ၊ တက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
ကိုကာပင်တွေဟာအနက်ရောင်ဆူးပင်နဲ့တူပြီး အမြင့် ၂-၃ မီတာ (၇-၁၀ ပေ) အထိ ကြီးထွားနိုင်ပါတယ်။ အကိုင်းအခက်တွေကဖြောင့်စင်းပြီးအရွက်တွေက ပါးလွှာပါတယ်။ အရွက်က အပြာရောင်ဘဲဥပုံဖြစ်နေပြီး အစွန်အဖျားတွေမှာ သေးငယ်ပါတယ်။သူတို့ရဲ့ အဖြူ (သို့) အဝါရောင်အပွင့်တွေဟာ အနီရောင်ဘယ်ရီသီးပုံစံအဖြစ် ပြောင်းသွားကြပါတယ်..။
#အပြာရောင်
#ဘယ်ရီသီး
#အီကွေဒေါ
#ကိုကာပင်
#alkaloid
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်