
ဖားတစ်ကောင် အရွယ်ရောက်ဖို့ ကြာချိန်ဟာ အတိအကျ သတ်မှတ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်တဲ့ ကြာချိန်ဟာ သူတို့ရဲ့ မျိုးစိတ်နှင့် စားသောက်တဲ့ ပုံစုံပေါ်မူတည်ပြီး ကွဲပြားနိုင်လို့ပါ။ ယေဘူယျအားဖြင့် အရွယ်ရောက်ပြီးတဲ့ ဖားဖြစ်လာဖို့ဆိုတာက မျိုးဥကနေတစ်ဆင့် ဖားတစ်ပိုင်းအထိ ကြီးထွားဖွံ့ဖြိုးမှုအဆင့်များစွာ ကျော်ဖြတ်လာခဲ့ရတာဖြစ်ပါတယ်။

(၁) မျိုးဥအဆင့်

ဖားတွေဟာ ပုံမှန်အားဖြင့် ရေထဲမှာပဲ ဥဥကြတာပါ။ အဲ့ဒီမျိုးဥ ပေါက်ဖွားဖို့ဆိုရင် သူတို့ရဲ့ မျိုးစိတ် ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရက်အနည်းငယ်မှ ရက်သတ္တပတ်များစွာ ကြာနိုင်ပါတယ်။
(၂) ဖားလောင်းအဆင့်( ဖားတစ်ပိုင်းငါးတစ်ပိုင်း)

မျိုးဥတွေကနေ ပေါက်ဖွားပြီးတာနဲ့ ဖားလောင်းအဖြစ်ကို ရောက်လာပါတယ်။ ဖားလောင်းအဆင့်မှာ ရေအောက်မှာ အသက်ရှူနိုင်တဲ့ ပါးဟက်ရှိတဲ့ အဆင့်ဖြစ်လာဖို့ အပေါ်မှာ ပြောသလို မျိုးစိတ်နှင့် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်ကနေ လပေါင်းများစွာ ကြာပါတယ်။
(၃) ဖားအဖြစ်ကို ပြောင်းလာတဲ့ အဆင့်

တဖြည်းဖြည်း ဖားအဖြစ်ကို ပြောင်းလဲဖို့ metamorphosis လို့တဲ့ ဖြစ်စဉ်ကို ကြုံတွေ့ရပါတယ်။ အဲ့ဒီအဆင့်က ရေနေ ဖားတစ်ပိုင်းငါးတစ်ပိုင်းကနေ ခြေလက်အင်္ဂါတွေပြောင်းလဲပြီး ကုန်းနေပုံစံအဖြစ်ပြောင်းလဲသွားတာပါ။ ဒီလိုအသွင်းပြောင်းလဲတဲ့ ကြာချိန်ဟာ မျိုးစိတ်ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပေမယ့် အများအားဖြင့် ရက်သတ္တပတ်အနည်း (သို့) လအနည်းငယ် ကြားတတ်ပါတယ်။
(၄) အရွယ်ရောက်ဖား

ကိုယ်လက်အင်္ဂါအစိတ်အပိုင်း အသွင်အပြင် ပြီးပြည့်စုံသွားတဲ့ ဖားတွေဟာ အရွယ်ရောက်ပြီးတာနဲ့ ကုန်းမြေပေါ်မှာ နေထိုင်ကြပါတယ်။ မျိုးပွားမှုစွမ်းရည်ပါရှိတဲ့ ဖားတစ်ကောင်ဖြစ်လာဖို့ ကြာချိန်ကလည်း မျိုးစိတ်ပေါ်မူတည်ပြီး လပေါင်းများစွာကနေ နှစ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။
အရှင်းဆုံးပြောရရင် အရွယ်ရောက်ပြီးတဲ့ ဖားဖြစ်လာဖို့ ကြာချိန်ရဲ့ အဆင့်တစ်ခုစီမှာ မျိုးစိတ် ၊ အပူချိန်၊ အစာရရှိမှုနှင့် နေထိုင်တဲ့ ပတ်ဝန်းကျင် စတဲ့ အချက်တွေပေါ် ကွဲပြားသွားပါတယ်။ အချို့ဖားမျိုးစိတ်တွေဆိုရင် သက်တမ်းပိုရှည်ပြီး ကြီးထွားမှုနှုန်းဟာ နှေးကွေးကြတာ တွေ့ရပါတယ်။
Source - Rspb