ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာ နှစ်ပေါင်း ၄၆၀၀၀ ကျော်ရှင်သန်နိုင်တဲ့ နီမာတိုဒီများ..
mmload.com
|
2023-07-30

ဆိုက်ဘေးရီးယားရဲ့Permafrost ဒေသတွေမှာ ရှင်သန်ခဲ့ကြတဲ့ သေးငယ်တဲ့ပိုးမွှားဟာ နှစ်ပေါင်း ၄၆၀၀၀ ကျော်အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက စံချိန်သစ်အဖြစ် ထူးထူးဆန်းဆန်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။မကြာခင်သေးက သေပြီးမှပြန်လည်ရှင်သန်နိုင်ကြောင်းတွေ့ရှိခဲ့တဲ့ သန်ကောင်တွေထက် နှစ်ထောင်ပေါင်းများစွာပိုမိုရှင်သန်နိုင်ပါတယ်။


အဆိုပါပိုးမွှားတွေကိုရှေးဟောင်းလုံးဝန်းသန်ကောင် (သို့) နီမာတိုဒီလို့လည်း ခေါ်ကြပါတယ်။ ၂၀၁၂ ခုနှစ်က အာတိတ်အရှေ့မြောက်ပိုင်းကိုလီမာမြစ်အနီးရှိ Permafrost မှ ထုတ်ယူထားတဲ့ ရှဥ့်ျကျောက်ဖြစ်ရုပ်ကြွင်းတွင်းမှာဒီပိုးမွှားလေးတွေကို သုတေသီတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သိပ္ပံပညာရှင်တွေကအေးခဲနေတဲ့နီမာတိုဒီကို ပြန်အသက်သွင်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့သက်တမ်းနှင့်မျိုးစေ့ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။



ဇူလိုင်(၁) ရက်နေ့မှာတော့ သုတေသီတွေက တိကျတဲ့အဖြေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆိုးရွားတဲ့ပတ်ဝန်းကျင်မှာအချိန်ကြာမြင့်စွာရှင်သန်နိုင်ခြင်းဟာ သက်ရှိအနည်းငယ်သာကျော်ဖြတ်နိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဒီနီမာတိုဒီတွေက ဆိုးရွားလှတဲ့ပတ်ဝန်းကျင်မှာ နှစ်ပေါင်း ၄၆၀၀၀ ကြာအောင် အသက်ရှည်နေထိုင်နိုင်ခဲ့တယ်လို့အတည်ပြုဖော်ပြခဲ့ကြပါတယ်။





Some text some message..