ကမ္ဘာ့အံ့ဖွယ် အီဖယ်တာဝါ
mmload.com
|
2023-10-05

ပဲရစ်မြို့ကို ရောက်ခဲ့ရင်တော့ သင်သေချာပေါက်သွားကိုသွားသင့်တဲ့နေရာတစ်ခုရှိပါတယ်။ အဲ့တာကတော့ Eiffel Tower ပဲဖြစ်ပါတယ်။  Eiffel tower ရဲ့ Design ကိုပြင်သစ် အင်ဂျင်နီယာ Gustave Eiffel နဲ့ အဖွဲ့သားတွေက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။


1) Eiffel Tower ကိုတည်ဆောက်ရတဲ့ရည်ရွယ်ချက်

ပြင်သစ်တော်လှန်ရေး နှစ် 100 ပြည့်အနေနဲ့ အီဖယ်တာဝါကို ပါရီမြို့မှာ အထိမ်းအမှတ်တစ်ခုအဖြစ်ထားဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ 1889 မှာကျင်းပခဲ့တဲ့ ဗိသုကာပြိုင်ပွဲအတွက် ပြင်သစ်အင်ဂျင်နီယာတွေက သူတို့ရဲ့ ပညာကို အစွမ်းပြခဲ့ကြတာဆိုရင်လဲ မမှားပါဘူး။ ရေဒီယိုလှိုင်းတွေနဲ့ပက်သက်ပြီးလဲ အီဖယ်တာ၀ါမှာ စမ်းသပ်မှုတွေလုပ်ခဲ့ကြပါတယ်။ အဲ့ခေတ်ကာလတုန်းက ဒီလို သံဘောင်နဲ့Tower တည်ဆောက်တာက အလွန်အန္တရာယ်များပါတယ် ။ ဒါပေမယ့် ထိခိုက်သေဆုံးမှုကတော့ တစ်ယောက်ပဲရှိခဲ့ပါတယ်။ 


2) Eiffel Tower ကဘယ်လောက်မြင့်လဲ

လူတွေတည်ဆောက်ထားတဲ့အထဲမှာ အပြည့်စုံဆုံးလို့ သတ်မှတ်ထားတဲ့ အီဖယ်တာဝါဟာ 324 မီတာ (1063ပေ) မြင့်ပါတယ်။ အထပ် ၃ ထပ်ပါ၀င်ပြီး စားသောက်ဆိုင်ပေါင်းများစွာနဲ့ သဘာ၀ရှုခင်းတွေကို အမြင့်ကနေခံစားကြည့်ရှုနိုင်ပါတယ်။


3) Eiffel Tower ရဲ့ ၀င်ကြေးကဘယ်လောက်ရှိလဲ

သင့်အနေနဲ့ အပြင်ကပဲ မော့ကြည့်ပြီး ကျေနပ်တယ် အမှတ်တရဓာတ်ပုံရိုက်ရုံပဲဆိုတော့ ငွေ‌ကုန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အထဲမှာဘာတွေရှိလဲ ၊အပေါ်ကနေကြည့်ရတဲ့ ခံစားချက်မျိုးရချင်ရင်တော့ ငွေသုံးဖို့လိုပါတယ်။ Eiffel tower ကိုတက်ဖို့ရိုးရိုး လှေကားနဲ့လဲတက်နိုင်သလို ဓာတ်လှေကားနဲ့လဲ တက်လို့ရပါတယ်။ အဲ့အတွက်လဲ ပေးရတဲ့ဈေးကမတူပါဘူး။ အသက် 4နှစ်ကနေ သက်ကြီးပိုင်းထိ အကြမ်းဖျင်းအားဖြင့် တစ်ယောက်ကို € 5 ကနေ € 20 ကျော်ထိ ပေးရပါတယ်။ 4နှစ်အောက်ကလေးတွေကတော့ ၀င်ကြေးအခမဲ့ပဲဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖




Some text some message..