
Chameleon (ပုတ်သင်ညို) များသည် ပန်းရောင်၊ အပြာ၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်နှင့် စိမ်းပြာရောင် အစရှိသော အရောင်များစွာပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ကို အာဖရိက၊ ဥရောပ၊ အာရှနှင့် မြောက်အမေရိကတို့တွင် တွေ့ရှိနိုင်သည်။ ပုတ်သင်ညိုမျိုးစိတ်ပေါင်း ၁၆၀ ခန့်ရှိပြီး မိုးသစ်တောများနှင့် သဲကန္တာရများတွင် နေထိုင်နိုင်သည်။

လူတော်တော်များများက ပုတ်သင်ညိုတွေဟာ သူတို့ကိုယ်သူတို့ ရုပ်ဖျက်ပြီး သားကောင်တွေဆီကနေ ပုန်းအောင်းဖို့ အရောင်တွေပြောင်းတယ်လို့ ယုံကြည်ကြပါတယ်။ သို့သော်လည်း ပုတ်သင်ညိုများသည် အလွန်လျင်မြန်ပြီး တစ်နာရီလျှင် (၂၁ )မိုင်အထိ ပြေးနိုင်သည်။ သားရဲအများစုကို အလွယ်တကူရှောင်နိုင်သည့်အတွက် လူအများထင်မြင်ချက်မှာ အရောင်ပြောင်းရသည့် ဒုတိယအကြောင်းရင်းတစ်ခုသာဖြစ်သည်။

ပုတ်သင်ညိုများသည် ၎င်းတို့၏ စိတ်ခံစားချက်များကို ထင်ဟပ်စေရန် အရောင်ပြောင်းသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အခြားသော ပုတ်သင်ညိုများထံ လူမှုရေးအချက်ပြမှုများကို ပေးပို့ကြသည်။ ဥပမာအားဖြင့် ပိုနက်သောအရောင်များသည် ပုတ်သင်ညိုများ စိတ်ဆိုးခြင်းကို ဆိုလိုသည်။ အဖော်များကို ဆွဲဆောင်ရန်အတွက် ပေါ့ပါးသောအရောင်များကို အသုံးပြုတတ်ကြသည်။

အချို့ပုတ်သင်ညိုများသည် ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန် သို့မဟုတ် အလင်းရောင်ပြောင်းလဲမှုများကို ထိန်းညှိရာတွင် ကူညီရန် အရောင်များပြောင်းလဲကြသည်။ ဥပမာအားဖြင့် အအေးမိသောပုတ်သင်ညိုသည် အပူကိုပိုမိုစုပ်ယူရန်နှင့် ၎င်း၏ခန္ဓာကိုယ်ကိုနွေးထွေးစေရန်အတွက် နက်မှောင်သောအရောင်သို့ပြောင်းလဲသွားနိုင်သည်။

သတင်း အရင်းအမြစ်៖