နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ကမ္ဘာ့အပူအစပ်ဆုံး ငရုတ်သီး
mmload.com
|
2023-10-17

Pepper Xလို့အမည်ရတဲ့ ငရုတ်သီးဟာ ကမ္ဘာ့အပူအစပ်ဆုံး ငရုတ်သီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ PepperX ဟာ အရင်က ကမ္ဘာ့အစပ်ဆုံးသတ်မှတ်ခဲ့တဲ့ Capsicum ငရုတ်မျိုးစိတ်ဖြစ်ပြီး ဒီမျိုးစိတ်ကိုEd Currie ဆိုတဲ့ အမျိုးသားက ၁၀ နှစ်ကျော်ကြာစိုက်ပျိုးခဲ့ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။



အံ့ဩစရာကောင်းတာကScoville အဆင့်သတ်မှတ်ချက် ၃.၁၈ သန်းမှာ Pepper X ဟာ  ယခင်ကမ္ဘာ့အပူဆုံးငရုတ်ကောင်း Wales မှာပါဝင်တဲ့Dragon's Breath ထက် ၀.၄ သန်းခန့် ပိုမိုပူပြင်းတယ်လို့ ဆိုပါတယ်။



Pepper X ကို တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ Winthrop University မှာ စမ်းသပ်ခဲ့တာပါ။ သူ့ရဲ့ အစပ်ပမာဏက ပျမ်းမျှ ၂.၆၉ သန်းSHU ရှိပါတယ်။ Carolina Reaper က ပျမ်းမျှ ၁.၆၂ သန်းSHU ရှိခဲ့တာဖြစ်ပါတယ်။

Source - finedininglover



Some text some message..