
ရေမြင်းဆိုတဲ့ သတ္တဝါကို တိရိစ္ဆာန်ရုံ ၊ရုပ်ရှင်တွေထဲမှာဖြစ်စေ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ရေမြင်းတွေဟာ ခန္ဓာကိုယ်ထွားကျိုင်းကြီးမားကြပြီး တစ်ကောင်တစ်ကောင်ကို အသေးဆုံး ပေါင် 3000 လောက်ကနေအကြီးဆုံး ပေါင် 8000လောက်အထိရှိကြပါတယ်။ ရေမြင်းဟာ ကမ္ဘာပေါ်က ကုန်းနေနို့တိုက်သတ္တဝါတွေထဲမှာတတိယအကြီးဆုံး သတ္တဝါဖြစ်ပြီး 14ပေလောက်ထိရှည်လျားကြကာ သက်တမ်းဟာ 40နှစ်လောက် ပျမ်းမျှအသက်ရှည်ကြပါတယ်။

ရေမြင်းများဟာ သဘာဝအားဖြင့် ရန်လိုသောသတ္တဝါများဖြစ်ကြပါတယ်။အထီးများက တကောင်နှင့် တကောင် အမြဲလိုပင် ရန်လိုတတ်ကြပြီး ဒဏ်ရာအပြင်းအထန်ရသည်အထိ တိုက်ခိုက်တတ်ကြပါတယ်။ ရေမြင်းများကို အာဖရိကတိုက်တွင်အများဆုံးတွေ့ရမြင်ရတတ်တယ်။

ရေမြင်းတွေရဲ့ အံ့သြကြောက်မက်ဖွယ်ကောင်းတဲ့အရာကသူတို့ရဲ့ဧရာမမေးရိုးကြီးတွေပါပဲ။ သူတို့ဟာမေးရိုးကို 150 ဒီဂရီကနေ 180 ဒီဂရီလောက်ထိဟ နိုင်ကြပြီး ကိုက်ဖြတ်အားကလဲ အလွန်ပြင်းထန်ပါတယ်။ ရေမြင်းရဲ့ကိုက်အားက1,800 psi ( 8,100 Newtons)အထိရှိပြီး အရွယ်ရောက်ပြီး မိကျောင်းတစ်ကောင်ကိုတောင်ထက်ပိုင်းပြတ်ထွက်သွားအောင် ကိုက်နိုင်တာကြောင့် အလွန်နာမည်ကြီးပါတယ်။