
ခြင်္သေ့ဆိုတာနဲ့ တောဘုရင်အဖြစ် အကုန်လုံးကတန်းမြင်ကြပါလိမ့်မယ်။ တကယ်လဲ ခြင်္သေ့တွေဟာ သတ္တိအရှိဆုံးသတ္တဝါတွေထဲကတစ်ကောင်ဖြစ်ပါတယ်။ သူတို့ဆာလောင်နေတဲ့အချိန်ဆိုရင် သူတို့ထက်အကောင်ကြီးကြီးငယ်ငယ် အကုန်လုံးကို တိုက်ခိုက်တတ်ပါတယ်။ ဒီလိုသတ္တိရှိပါတယ်ဆိုတဲ့ ခြင်္သေ့တွေတောင်သူတို့ကြောက်ရတဲ့အကောင်တွေထဲမှာ ထိပ်ဆုံးကပါနေတာကတော့ ခြင်္သေ့မတွေပါပဲ။

လေ့လာတွေ့ရှိချက်တွေအရ ခြင်္သေ့အထီးတွေထက် ခြင်္သေ့အမတွေကပိုရက်စက်တတ်ကြတယ်လို့ ဆိုပါတယ်။ မြန်နှုန်းမှာဆိုလဲ ခြင်္သေ့ထီးတွေက တစ်နာရီ ၃၅မိုင်လောက် ပြေးနိုင်ချိန်မှာ ခြင်္သေ့မတွေက တစ်နာရီ ၄၅ မိုင် ပြေးနိုင်တာကိုတွေ့ရပါတယ်။ ဒီအချက်တွေကြောင့် တော်ရုံဆို ခြင်္သေ့ထီးတွေက ခြင်္သေ့မတွေနဲ့ယှဉ်မချကြပါဘူး။ ဒါပေမဲ့ တကယ်တိုက်ခိုက်ကြရင်တော့ ခြင်္သေ့ထီးတွေက ခြင်္သေ့မတွေကိုနိုင်နိုင်ပါလိမ့်မယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ခြင်္သေ့ထီးတွေဟာတိုက်ခိုက်ဖို့အတွက် ပိုအလေးသာပြီး ခြင်္သေ့မတွေကတော့ အမဲလိုက်ဖို့အတွက်ပဲပိုအဆင်ပြေလို့ဖြစ်ပါတယ်။

ဒါပေမဲ့ ခြင်္သေ့အထီးနဲ့အမ တစ်ကောင်ကောင် သေတဲ့အထိတိုက်ခိုက်ကြတယ်ဆိုတာ တော်တော်ရှားပါတယ်။ ခြင်္သေ့အထီးတွေဟာ ခြင်္သေ့အမတွေကိုတော်ရုံဆို သေတဲ့အထိမတိုက်ခိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့သူတို့မိတ်လိုက်ဖို့လိုလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အများအမြင်မှာခြင်္သေ့အထီးတွေက ခြင်္သေ့အမတွေကို ကြောက်ရတယ်လို့ထင်ရတာပဲ ဖြစ်ပါတော့တယ်။