
အင်ဒိုနီးရှား ဇာတိဖြစ်တဲ့ ကြက်မဲတွေက ကြက်မျိုးစိတ်အားလုံးထဲမှာ melanin ဓာတ်များစွာ ပါဝင်နေပါတယ်။ အင်ဒိုနီးရှားလို che-MA-ni လို့ခေါ်ဆိုပြီး “ဂျင်နက်” လို့ အဓိပ္ပါယ်ရပါတယ်။ ကြက်ဉတစ်လုံးကို ဆယ့်ခြောက် ဒေါ်လာအထိ စျေးရရှိပြီး ကြက်အကောင်လိုက်ဆိုရင်တော့ ဒေါ်လာ ခြောက်ထောင်ထိကို ပေါက်စျေးရှိပါတယ်။

ကြက်မဲလို့ခေါ်ဆိုရတာက အကြောင်းအရင်းရှိပါတယ် အထူးခြားဆုံးအရာမှာ ၎င်း၏ အမွေးများ၊ အရေပြား၊ ကြွက်သားများ၊ အတွင်းအင်္ဂါများ အပါအဝင် အရိုးတွေထိတောင် မဲနက်နေတဲ့ အရောင်ရှိလို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ကြက်မျိုးစိတ်ကို 1920 ဂျာဗားကျွန်းမှာ နေထိုင်တဲ့ ဒတ်ချ်ကိုလိုနီ တစ်ဉီးက စတင်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကြက်မဲတွေ စျေးနှုန်းမြင့်တက်ရခြင်းရဲ့ အဓိကအကြောင်း အရင်းကတော့ အယူသီးတဲ့ ဂျာဗားမြို့ခံတွေကြောင့် ဖြစ်ပါတယ်။ ကြက်မဲတွေက မှော်ဆန်တဲ့ ဂုဏ်သတ္တိများရှိပြီး နှလုံးနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာတွေကို ကုသနိုင်တယ်လို့ ယုံကြည်ကြတာပါ။ ထုံးတမ်းစဉ်လာ ပွဲတွေမှာ အထူးအသုံးပြုကြပြီး အမေရိကန်နဲ့ ဉရောပလိုနိုင်ငံမျိုးတွေမှာတော့ Ayam Cemani ကြက်မဲကို တန်ဆာဆင်ထားတဲ့ ကြက်တစ်ကောင် အဖြစ်သာ သတ်မှတ်ထားကြပါတယ်။

သတင်း အရင်းအမြစ်៖