
ညဖက်တွေမှာ ကြောင်ရဲ့မျက်လုံးတွေ လင်းနေကြတာကိုမြင်ဖူးကြမှာပါ။ဘာလို့လဲဆိုရင် ကြောင်အပါအဝင်ညဘက်မှာကျက်စားတက်တဲ့သတ္တဝါမျိုးတွေရဲ့ မျက်လုံးမှာTapetum lucidumလို့ခေါ်တဲ့အစိတ်အပိုင်းပါဝင်နေလို့ဘဲဖြစ်ပါတယ်။

Tapetum lucidum ဆိုတာ အလင်းပြန်တတ်တဲ့ အလွှာလေးတခုဖြစ်ပြီး မြင်လွှာ retina ရဲ့အနောက်မှာတည်ရှိပါတယ်။သူရဲ့အလင်းပြန်တတ်တဲ့ ဂုဏ်သတ္တိနဲ့ ညဖက်မှာ မြင်လွှာပေါ်ကို အလင်းတွေပိုရောက်အောင် လုပ်ပေးပြီးအမှောင်ထဲမှာ ပိုမြင်ရအောင် ကူညီပေးပါတယ်။ Tapetumlucidum က အရောင်ပြန်ဟပ်စေတတ်တဲ့ သဘာဝရှိလို့ကြည့်တဲ့ရူထောင့်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ ဒါကြောင့်တိရစ္ဆာန်တကောင်နဲ့တကောင် မျက်လုံးအရောင်ထွက်ပုံခြင်းမတူပါဘူး

ကြောင်များရဲ့ မျက်လုံးကိုတုပပြီး ပြုလုပ်ထားတဲ့ပစ္စည်းတစ်မျိုးရှိပါတယ်။အဲ့တာကတော့ညဖက် ကားမောင်းတဲ့အခါ ကားလမ်းမတွေပေါ်မှာ မြင်ရတတ်တဲ့အလင်းပြန်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ သူ့ကိုလဲ “Cat eyes” လို့ပဲခေါ်ပြီးကားမီးထိုးသောအလင်းကို reflect ပြန်လုပ်၍ ညဖက်ကားလမ်းများကိုထင်ရှားစွာတွေ့မြင်ရစေပါတယ်။Cat eyes device များက အားသွင်းစရာလဲမလို ၊ လျှပ်စစ်စွမ်းအင်လဲမလိုဘဲလာသောအလင်းကို reflect လုပ်ပေးတဲ့အတွက် အလွန်အသုံးဝင်ပါတယ်။