နေ့ဘက်မှာ အိပ်သောဖား
mmload.com
|
2023-11-29

အမေရိကတိုက် အလယ်ပိုင်း ၊ အနောက်တောင်ပိုင်း မိုးသစ်တောတွေမှာ တွေ့ရတဲ့ Agalychnis Callidryas တွေဟာ နေ့အချိန်မှာအိပ်ပြီး ညအချိန်မှာအစာရှာတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်။ အရောင်အသွေးမျိုးစုံရှိတဲ့ အနီရောင်မျက်လုံးနဲ့ ဖားတွေဟာ အဆိပ်မရှိကြပါဘူး။ သူတို့ရဲ့ခန္ဓာကိုယ်ရောင်မျိုးစုံကိုအသုံးပြုပြီး အန္တရာယ်ကနေ ကာကွယ်တတ်ကြပါတယ်။


Agalychnis Callidryas ဖားအမျိုးအစားတွေက သူတို့ရဲ့ အနီရောင်မျက်လုံးတွေ ကြောင့် လူသိများထင်ရှားပါတယ်။အစိမ်းရောင်ခန္ဓာကိုယ်မှာ အပြာ၊ အဝါ စင်းများ ပါရှိပါတယ်။ ဝမ်းဗိုက်တွင်အဖြူရောင်ရှိကာ လိမ္မော်ရောင် နဲ့ အနီရောင်ခြေဖဝါးများကိုလည်း ပိုင်ဆိုင်ထား ကြပါတယ်။


ဒီဖားတွေရဲ့ ထူးခြားမှုကတော့ အန္တရာယ်နဲ့ကြုံတွေ့ချိန်မှာ ၎င်းတို့မျက်လုံးကို ပိုနီစေကာ ကြောက်လန့်အောင် ချောက်လှန့် တတ်ကြပါတယ်။ကိုယ်ဝန်ဆောင်ထားတဲ့ ဖားအမတွေဟာ စောစီးစွာသားပေါက်နိုင်ပြီး သားလောင်းကို အန္တရာယ်ကင်းအောင် ကြိုတင် ကာကွယ် တတ်ကြပါတယ်။ Agalychnis Callidryas ဖားတွေဟာ သူတို့ရဲ့  ထူးခြား လှပတဲ့ အရောင်ကြောင့် မသမာသူများရဲ့ ဖမ်းယူမှုများမြင့်တတ်လာကာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရပါတယ်။


သတင်း အရင်းအမြစ်៖




Some text some message..