ငှက်တွေ ကွာရှင်းရတဲ့ အကြောင်း
mmload.com
|
2023-11-30

မိတ်လိုက်ရာသီတစ်ခုမှာ မိတ်ဖက်တစ်ကောင်တည်း ထားကြပေမယ့်အချို့ငှက်တွေကတော့ လက်ရှိမိတ်ဖက်ကို ကွာရှင်းကာ လာမယ့်မိတ်လိုက်ရာသီတွေအတွက်မိတ်ဖက်အသစ် ရှာဖွေကြပါတယ်။  သုတေသီအဖွဲ့က ငှက်တွေမှာကွာရှင်းခြင်းကိုဖြစ်စေတဲ့ အဓိကအချက် ၂ ခုကို တွေ့ရှိခဲ့ရာငှက်ထီးများအကျင့်ပျက်ခြင်းနဲ့ အလွန်ဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းတို့ ကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်။


စင်ရော်၊ပျံလွှားတို့လို ငှက်တွေက ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်ခြင်းနှုန်းမြင့်မားနေပြီး ငန်း၊ ဘဲငန်းတို့လို ငှက်တွေကတော့ ကွာရှင်းမှုနှုန်းနဲ့အထီးအကျင့်ပျက်မှုနှုန်း နည်းပါးတာကို တွေ့ရပါတယ်။     အထီးအကျင့်ပျက်မှုမြင့်မားခြင်းကကွာရှင်းမှုနှုန်းမြင့်မားတာနဲ့ ဆက်စပ်နေပြီး ငှက်မအကျင့်ပျက်မှုကတော့ ဒီလိုမျိုးမဖြစ်စေပါဘူး။ ပိုမိုဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း ကွာရှင်းမှုနှုန်းမြင့်မားစေနိုင်ပါတယ်။


မိတ်လိုက်နေရာသို့အချိန်အခါ မတူဘဲရောက်ရှိခြင်းကြောင့် စောစီးစွာရောက်တဲ့ ငှက်တွေက အခြားငှက်တွေနဲ့မိတ်လိုက်ကြကာ ကွာရှင်းရခြင်း ဖြစ်လာစေပါတယ်။ ကွာရှင်းခြင်းကြောင့် မျိုးပွားနေရာရောက်တဲ့အခါ မိတ်ဖက်ဟောင်းကိုစောင့်နေစရာမလိုဘဲ စောစောမိတ်လိုက်လို့ရတဲ့ အကျိုးကျေးဇူးတော့ရှိပါတယ်။




Some text some message..