
Giant Impact Hypothesis' ဆိုတဲ့ accident က ဒိုင်နိုဆောတွေ မျိုးမတုန်းခင် ကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း 4.5 ဘီလီယံက ဖြစ်ပွားခဲတာပါ။ အဲ့ဒီဖြစ်ရပ်နဲ့အတူ အာကာသ လဟာပြင်တွင်း အစိုင်အခဲများ စုပေါင်းဖြစ်တည်ပြီး လကမ္ဘာ စတင်လာခဲ့တာပါ။

သင်ကိုယ်တိုင် သတိမထားမိလိုက်တဲ့ အချိန်မှာပဲ “လ” က ကမ္ဘာနဲ့ ဆယ်ဆခန့် ပိုမို နီးကပ်လာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ဒီရေဆွဲငင်အားတွေကလဲ တရိပ်ရိပ် ပိုမြင့်လာပြီး မကြာခဏဆိုသလို ရာသီဉတု ရိုက်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် ကြုံတွေ့ကြရပါတယ်။

လမျက်နှာပြင်မှာ ဖုန်မှုန့်ပေါင်းများစွာရှိနေပြီး အဆိုပါ ဖုန်မှုန့်တွေက အာကာသယာဉ်မှူးတွေကို နာမကျန်းဖြစ်စေပါတယ်။ လေတိုက်ခြင်းမရှိတဲ့ လကမ္ဘာက ဖုန်မှုန့်တွေ နေရာရွေ့ကင်းစင်ဖို့ကိုတော့ မမျှော်လင့်ထားပါနဲ့။ လေထုအကာအကွယ်မရှိတဲ့ လကမ္ဘာရဲ့ အအေးဓာတ်ကတော့ လွန်လွန်ကဲကဲပါပဲ။

ဝင်ရိုးကိုလှည့်ပတ်နေတဲ့ လကမ္ဘာက ရက်ပေါင်း 27 ရက်ကြာတာဖြစ်လို့ အာကာသယာဉ် မပေါ်ခင် ကာလတွေမှာ လရဲ့ အခြားတစ်ဖက်ခြမ်းကို မမြင်တွေ့နိုင်ခဲ့ကြပါဘူး။ အမြဲလိုလို တူညီတဲ့ မျက်နှာပြင်တစ်ဖက်တည်းကိုပဲ ကမ္ဘာက မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လကမ္ဘာကို လူသားတွေ စရောက်ရှိချိန်ကစပြီး မတူညီတဲ့ နည်းပညာတွေ မတူညီတဲ့ အမြင်အသစ်တွေကို သိရှိခဲ့ကြပါတယ်။ ခက်ခက်ခဲခဲ ရောက်ရှိခဲ့တဲ့ အဆိုပါ လကမ္ဘာကို အစားထိုးဝင်ရောက် လာတော့မယ့် လကမ္ဘာအသစ် အကြောင်းကိုလဲ ပညာရှင်တွေ ထုတ်ပြန်ပြောကြားထားပြီပဲ ဖြစ်ပါတယ်။
www.nationalgeograph