တောင်အာဖရိကမှာတွေ့ရပြီးလှပတဲ့အရောင်အသွေးတွေနဲ့ထူးခြားနေတဲ့မြွေ
mmload.com
|
2023-12-04

Atheris လို့ခေါ်တဲ့ဒီမြွေဟာ အာဖရိကတောင်ပိုင်း အပူပိုင်းဆာဟာရ တွေမှာသာတွေ့ရတဲ့မြွေအမျိုးအစားတွေဖြစ်ပါတယ်။အမွှေးပါတဲ့မြွေပွေးလို့လူသိများတဲ့ဒီမျိုးစိတ်မှာ အချို့ကို‌တော့မိုးသစ်တောတွေ အထိပါတွေ့လာ ရပါတယ်။ အရာင်အသွေးမျိုးစုံနဲ့လှပတဲ့ ဒီမြွေတွေဟာအလှမွေးတိရစ္ဆာန်အနေနဲ့တောင်  မွေးခြင်စရာကောင်းလှပါတယ်။ ဒါပေမယ့်အလှမွေးသင့်တဲ့ တိရစ္ဆာန်တွေတော့မဟုတ်ပါဘူး


Atheris တွေဟာ မြွေပွေးမျိုးစိတ်တွေဖြစ်ပြီး အဆိပ်အလွန်ပြင်းပါတယ်။သာမန်မြွေများနဲ့မတူဘဲ ထူးခြားတဲ့အမြှီးကိုပိုင်ဆိုင်ထားပြီးသစ်ပင်တွေပေါ်မှာတွဲလျားခိုနိုင်သည်အထိ သန်မာထူးခြားကာသားကောင်ကို တိတ်တဆိတ်တိုက်ခိုက်တတ်ပါတယ်။ ကြွက်တွေ၊ ငှက်တွေနဲ့အခြားသတ္တဝါငယ်တွေကို အမဲလိုက်ကြတဲ့ဒီမြွေတွေဟာသစ်ပင်တွေပေါ်မှာပဲအနေများတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်


သားပေါက်မှုမှာတော့ အကောင်လိုက်မွေးတဲ့မြွေအမျိုးအစားတွေဖြစ်ပါတယ်။ Atheris အဆိပ် အတွက်သီးသန့်မြွေဆိပ်ဖြေဆေးတော့မရှိသေးပါဘူး။ လှပတဲ့ အရောင်အသွေးမျိုးစုံနဲ့ထူးခြားနေတဲ့  အာဖရိကမြွေပွေးမျိုးစိတ်တွေ အကိုက်ခံရပါက နာကျင်ခြင်း၊ ဖောရောင်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း၊ သွေးအန်ခြင်း တို့အထိ ဖြစ်စေနိုင်က အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။





Some text some message..