
ကျွဲတွေက အနီရောင်မြင်တာတဲ့ လိုက်ခွေ့တတ်တယ်ဆိုတဲ့ စကားမျိုးကို သင်ကြားဖူးသလို မြင်လဲမြင်ဖူးမှာပါ။ ကျွဲတွေက လူတွေမြင်ရသလို အရောင်အကုန်လုံးကို မြင်နိုင်စွမ်းမရှိပါဘူး။ အနီရောင်ဆိုလျှင် ပို၍ပင် မမြင်နိုင်ကြပါ။

အဆိုပါ အကြောင်းအရာနဲ့ပက်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အနီရောင်ပိတ်စနှင့် အဖြူရောင်ပိတ်စကို အသုံးပြုကာ ကျွဲတစ်ကောင်ရဲ့ ဒေါသထွက်ပုံကို စောင့်ကြည့် လေ့လာပြီးနောက် တူညီတဲ့ တုံ့ပြန်မှုရှိတယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ကျွဲတစ်ကောင်ကို အတိအကျ ဒေါသထွက်စေတဲ့ အရောင်မျိုးထက် ၎င်းရှေ့မှာ မျက်စိနောက်ဖွယ် လှုပ်ရှားမှု တွေကသာ ဒေါသပိုထွက်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ကျွဲတွေက အရောင်တွေနဲ့ ပက်သက်လို့ စိတ်လှုပ်ရှားတတ် တာမဟုတ်ပဲ ရုတ်တရက် ထူးခြားတဲ့ အခြေနေမျိုးကို အာရုံခံစားနိုင်တာပါ။ ထင်ရှားတဲ့ ဉပမာမျိုးဆိုရလျှင် အဖြူရောင် အဆောက်အဉီး အနောက်မှာ အနက်ရောင်တံတိုင်းကို တွေ့ခဲ့မယ်ဆိုရင် ကျွဲတစ်ကောင်ကို ထိတ်လန့်သွားစေ နိုင်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်ကာ ကျွဲခွေ့ပွဲတွေမှာ အနီရောင်ပိတ်စ အသုံးပြုပြီး ကျွဲနှစ်ကောင်ကို တိုက်ခိုက် ယှဉ်ပြိုင်ခိုင်းတာကိုလဲ မြင်ဖူးကြမှာပါ။ ကျွဲတွေက အလွန်ထက်မြက်တဲ့ တိရိစ္ဆာန်တွေ ဖြစ်တာကြောင့် လှုပ်ရှားမှု အနည်းငယ်မြင်တာနဲ့ ကြောက်လန့်ပြီး ခုခံကာကွယ်ဖို့ တိုက်ခိုက်မှုကို စတင်ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွဲတွေက အနီရောင်တင်မက မည်သည့်အရောင်ကိုမှ မုန်းတီးခြင်း မရှိဘူးဆိုတာကို ပညာရှင်တွေက လေ့လာဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖