လှပပြီးတွေ့ရရှားပါးတဲ့ ချော့ကလပ်လီလီ
mmload.com
|
2023-12-04

Chocolate lily လို့ နာမည်ရတဲ့ နှင်းပန်းလေးတွေကိုတော့ စိုစွတ်တဲ့ဒီရေတောတွေ၊ မြတ်ခင်းတွေ၊ သစ်တောတွေ၊ ကျောက်ဆောင်ကမ်းပါးတွေ မြေနိမ့်ပိုင်းဒေသများမှာတွေ့ရပါတယ်။၁၅၇၀မှာ Noel Capperon အမည်ရှိတဲ့ ဆေးပညာရှင်တစ်ဦးတွေ့ရှိခဲ့ပြီး လူအချို့ကတော့ Fritillaria လို့ခေါ်ဆိုခဲ့ကြပါတယ်။ ချော့ကလပ်နဲ့တူတဲ့ အရောင်ကို ပိုင်ဆိုင်ထားတာကြောင့် Chocolate lily  လို့ အမည်တွင်ရာမှလူသိများလာခဲ့ရပါတယ်


ချော့ကလပ်လီလီပန်းလေးတွေဟာ အပြစ်ကင်းခြင်း၊သန့်စင်ခြင်း၊ ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပာယ်ရပြီး လူအများရဲနှစ်သက်ခြင်းခံရတဲ့ပန်းလေးတွေဆိုလည်းမမှားပါဘူး။အပင်ချစ်သူတွေကတော့ ချော့ကလပ် လီလီ တွေဟာ သဘာဝကမ္ဘာကြီးရဲ့ အလှကို ကိုယ်စားပြုထားကြောင်းဆိုကြပြန်ပါတယ်။နောက်ထပ်ချစ်စရာ ကောင်းတဲ့ အချက်လေးကတော့ ဒီပန်းလေးတွေဟာ အရောင် မက အနံ့ပါချော့ကလပ်နံ့ရနေခြင်းပဲဖြစ်ပါတယ်


နှစ်ရှည်ခံပင်တွေဖြစ်တဲ့ချော့ကလပ်လီလီဟာလူအများအတွက်တော့ အစားအစာတွေဖြစ်နေပြန်ပါတယ်။ မေလမှ ဇူလိုင်လအထိပန်းပွင့်ပြီး အစေ့မှအပင်သစ်မျိုးပွားကြပါတယ်။အချို့ဒေသတွေမှာ ကျန်ရှိနေသေးတဲ့ ချော့ကလပ်လီလီတွေဟာ ဒေသအချို့မှာတော့မျိုးသုဉ်းလုနီးပါးရှိနေကြပါတယ်





Some text some message..