
Rafflesia Arnoldil လို့ခေါ်တဲ့ပန်းတွေဟာကမ္ဘာပေါ်မှာအကြီးဆုံးပန်းအမျိုးအစားတွေပဲဖြစ်ပြီးPadma လို့လည်း ခေါ်တွင်ကြပါတယ်။ ဒီပန်းပွင့်တွေကိုSumatra နဲ့ Borneoကျွန်းတွေရဲ့မိုးသစ်တောတွေမှာတွေ့ရပါတယ်။ပန်းတွေရဲ့ထူးခြားမှုမှာတော့ သူတို့ရဲ့ အရွယ်အစားနဲ့ အနံပဲဖြစ်ပါတယ်။ ကြီးမားတဲ့အရွယ်အစားကိုပိုင်ဆိုင်ထားတဲ့ဒီ ပန်းတွေဟာတော့အလွန်အနံ့အသက်ပြင်းသော အသားပုပ်နံ့ကို ထုတ်ပေးပါတယ်။

ဒါပေမယ့်ဒီပန်းတွေဟာ Sumatra ကျွန်းရဲ့မိုးသစ်တောတွေမှာတွေ့ရတဲ့ Amorphophallus titanium နဲ့တော့ မျိုးရင်းနာမည်နဲ့ မျိုးစိတ်နာမည်တစ်ခုမှတော့အတူကြပါဘူး။ ဒီထူးခြားတဲ့ ရနံနဲ့ အရွယ်အစားကိုပိုင်ဆိုင်ထားကြတဲ့ Rafflesia တွေဟာ White Jasmine၊Moon Orchidတို့နဲ့အတူ Indonesiaရဲ့ National Flower အဖြစ် သတ်မှတ်ခံထားရတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်

Rafflesia ရဲ့ထူးခြားတဲ့နောက်တစ်ချက်ကတော့အခြားပန်းအမျိုးအစားတွေလို့ ပင်စည်၊ အကိုင်း၊ အခက် နဲ့ အစိမ်းရောင်ခြယ်ပစ္စည်းတွေမပါဝင်တဲ့အပြင်အမြစ်လဲအပါရှိကြပါဘူး။အပ်ချည်မျှင်ပုံစံ Tissue တွေနဲ့ အပင် တစ်ပင်လုံးကို အစာအာဟာရထောက်ပံ့ပေးပြီးမှိုများကဲ့သို့ သစ်ရွက်ဆွေးတွေပေါ်မှာပေါက်ရောက်ကြတဲ့ အပင် အမျိုးစားတွေပဲဖြစ်ပါတယ်။၁၉၅၆ ခုနှစ်တွင် Sumatra ကျွန်းမှာစတင်တွေ့ရှိခဲ့တဲ့ဒီပန်းတွေဟာကမ္ဘာအကြီး ဆုံးပန်းများအဖြစ်သတ်မှတ်ခံရကာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ခရီးသွားလာမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ Rafflesia တွေရဲ့ ပေါက်ရောက်နိုင်သောနေရာများဆုံးရှုံးရကာမျိုးသုဉ်နိုင်ခြေ မျာသောအပင်မျိုးစိတ်များလဲဖြစ်ပါတယ်