
စပိန်နိုင်ငံရဲ့အကျော်ကြားဆုံးပွဲတော်များမှတစ်ခုဖြစ်သောLa Tomatinaလို့အမည်ရတဲ့ ခရမ်းချဉ်သီးတိုက်ပွဲ (သို့) ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်ဟာဆိုရင်ထူးခြားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။၁၉၄၅ခုနှစ်မှာ လူငယ်များစွာ ပါဝင်တဲ့ ဂီတပညာရှင်များအဖွဲ့နဲ့ ဈေးသည်များကြားပဋိပက္ခ ဖြစ်ပွားကြရာ ခရမ်းချဉ်သီးများနဲ့ပစ်ပါက်ရာမှ စတင်ခဲ့တဲ့ဒီပွဲတော်ဟာ ယနေ့အချိန်ထိ အချိန်တစ်ခုသတ်မှတ်ကာကျင့်ပနေကြတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်

La Tomatina လို့အမည်ရတဲ့ဒီပွဲတော်ဟာ မတူညီတဲ့လူမျိုးများစွာနဲ့ရိုးရာဓလေ့မျိုးစုံတို့ကိုထူးခြားစွာခံစားနိုင်တဲ့ ပွဲတော်တစ်ခုလဲဖြစ်ပါတယ်။ ပျော်ရွင်မှု၊စည်းလုံးမှုတို့ကိုပေးစွမ်းသောပွဲတော်တစ်ခုဖြစ်ကာ အရည်ရွမ်းသော ရောင်စုံပွဲတော်တစ်ခုလို့လဲလူသိများပါတယ်

ခရမ်းချဉ်သီးတိုက်ပွဲဟာထူးခြားသောပွဲတော်တစ်ခုဖြစ်သော်လည်းအစိုးရမှ အမျိုးမျိုးသောအကြောင်းပြချက်များဖြင့်ပိတ်သိမ်းခဲ့ပါတယ်။ သို့သော်လူအများရဲ့ဆန္ဒပြမှုများကြောင့်ပြန်လည်ကျင့်ပခွင့်ပေးခဲ့ရပါတယ်။ ယခုအချိန်မှာတော့ La Tomatina ဟာ ကမ္ဘ့ာနေရာတော်တော်များများမှာကျင့်ပနေတဲ့ပွဲတော်တစ်ခုဖြစ်ပြီခရီးသွားများစွာကို ဆွဲဆောင်နေကာ နိုင်ငံရဲ့ဝင်ငွေကိုတိုးစေတဲ့ပွဲတစ်ခုဆိုလည်းမမှားပါဘူး