သစ်ကုလားအုတ်နှင့်မျိုးစပ်ကာ ပေါက်ဖွားလာသော မြင်းကျားမျိုးစိတ်
mmload.com
|
2023-12-13

မြင်းကျားများဟာနာမည်ကြားရုံဖြင့်၎င်းတို့ရဲ့ပုံသဏ္ဍာန်ကိုလူတွေရဲ့မျက်စိထဲမှာပြေးမြင်မိစေမှာအမှန်ပဲဖြစ်ပါတယ်။  သို့ပေမယ့်အာဖရိကအလယ်ပိုင်း၊ကွန်ဂိုသမ္မတနိုင်ငံအရှေ့မြောက်ဘက်ပိုင်းမိုသစ်တောတွေမှာတွေ့ရ များတဲ့ Zebra Okapiaအမည်ရတဲ့မြင်းကျားတွေဟာတော့ထူးခြားနေပါတယ်။သီးသန့်မြင်းကျားမျိုးမဟုတ်ပဲသစ်ကုလားအုတ် မျိုးစိတ်တွေနဲ့ မျိုးစပ်ကာပေါက်ဖွားလာပြီးပုံသဏ္ဍာန်ပါ ဆန်သစ်နေပါတယ်


သစ်တောသစ်ကုလားအုတ်၊ ကွန်ဂိုသစ်ကုလားအုတ်၊မြင်းကျားသစ်ကုလားအုတ် စသည်ဖြင့်လူသိများပြီး မျိုးရိုး ဗီဇသတ်မှတ်ချက်များအရကွန်ဂိုမြစ်အနောက်ဘက်ခြမ်းမှစတင်ပေါက်ဖွားလာကြောင်းသိရပါတယ်။ ခန္ဓာကိုယ်နောက်ပိုင်းတွင်မြင်းကျားပုံ အစင်းကြောင်းများပါရှိကာ လည်တံပိုရှည်ပြီး ဦးခေါင်းပုံသဏ္ဍာန်မှာလည်းသစ်ကုလားအုတ်နှင့် တူသည်ကိုတွေ့ရပါတယ်။ပညာရှင်များကမူ Okapia များဟာ သစ်ကုလားအုတ် မျိုးစိတ်များရဲ့သက်ရှိကျောက်ဖြစ်ရုပ်ကြွင်များလို့ပင်ဆိုကြပါတယ်။


၁၉၀၁ ခုနှစ်မှာသိပ္ပံနည်းကျ ဖော်ပြခြင်းခံခဲ့ရပြီး၎င်းတို့ရဲ့ ထူးခြားသောပုံသဏ္ဍာန်နဲ့ ရှားရှားပါးပါးတွေ့ရသော မျိုးစိတ်ဖြစ်သောကြောင့်လူသိမျာကျော်ကြားလာခဲ့ပါတယ်။ယခုအခါမှာတော့ Okapia အရေ အတွက်ဟာ အာဖရိကအလယ်ပိုင်းကွန်ဂိုဒေသတွေမှာတော့အကောင်ရေ၁၀၀၀၀ မျှသာကျန်ရှိကြောင်းခန့်မှန်း ကြပါတယ်။ ထို့အပြင် IUCNရဲမျိုးသုဉ်းနိုင်ဖွယ်များသောသက်ရှိစာရင်းမှာပါဝင်နေတဲ့သတ္တဝါတွေပဲဖြစ်ပါတယ်





Some text some message..