နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိသော အမ္ဘောဒီးယားနိုင်ငံမှ ဘုရားကျောင်းကြီး
mmload.com
|
2023-12-13

Ta Prohmလို့အမည်ရတဲ့ဘုရားကျောင်းကြီးဟာကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့ရဲ့ အရှေ့ဘက် တစ်ကီလို မီတာခန့်အကွာမှာရှိပါတယ်။မူလအစမှာ Rajavihara လို့အမည်ရကာ အချိန်ကာလရွှေ့လျားလာသည် နှင့်အမျှ Ta Prohm လို့ပြောင်းလဲခေါဝေါ်သုံးနှုန်းလာကြပါတယ်။သမိုင်းအထောက်အထားများအရ အေဒီ ၁၁၈၆ မှာ ဘုရင်တစ်ပါးမှ တည်ဆောက်ခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓတက္ကသိုလ်အဖြစ်တည်ဆောက်ခဲ့ကြောင်းသိရပါတယ်


ထိုဘုရားကျောင်းကြီးဟာ အနီးအနားကျေးရွာ ၃၀၀၀ကျော်မှ ဘုရားကျောင်းဝတ်ပြုသူ ၈၀၀၀၀ကျော်နီးပါးရှိခဲ့ကြောင်းပညာရှင်တို့ရဲ့သုံးသပ်ချက်များအရသိရပါတယ်။ရှေးဟောင်းဟောင်းအဆောက်အဦးများနဲ့ရှေးကျတဲ့ သစ်ပင်များစွာပေါက်ရောက်နေတဲ့ ဘုရားကျောင်းကြီးဖြစ်ကာဘုရားကျောင်မျှော်စင်ပေါ်တွင်ပေါက်နေသော သစ်ပင်ကြီးမှာလည်းဘုရားကျောင်းကိုထူးခြားနေစေပါတယ်။ ဘုရားကျောင်းကြီးအတွင်းမှာတော့ ဗုဒ္ဓဝင်အကြောင်းအရာများစွာကို ပုံဖော်ထားတဲ့နံရံရုပ်ကြွဗိသုကာလက်ရာများကလည်းဘုရားကျောင်းကို ပိုမို ထည်ဝါစေပါတယ်။


၁၅ ရာစုနောက်ပိုင်မှာတော့ဘုရားကျောင်းကြီးဟာလျစ်လျူရှုခြင်းခံရကာတောအုပ်သဖွယ်ဖြစ်လာပြီး အဆောက်အဦးများလည်းယိုယွင်းလာခဲ့ရပါတယ်။၁၉၉၂ ခုနှစ်မှာတော့ ယူနက်စကိုမှဘုရားကျောင်းကြီးကို အမ္ဘာ့မွှေအနှစ်စာရင်းတင်သွင်းခဲ့ကြောင်းသိရပါတယ်။၂၀၀၁ ခုနှစ် Lara Croft နဲ့Tomb Raider တို့ပါဝင်ရိုက်ကူးတဲ့ဟောလီးဝုဒ်ရုပ်ရှင်ကားမှာပါဝင်ခဲ့တဲ့ Ta Prohm ရဲ့ပုံရိပ်များကြောင့် လူသိများလာကာ နှစ်စဉ် သန်းပေါင်းများစွာသောခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်





Some text some message..