
Machu Picchu လို့အမည်ရတဲ့မြို့ကြီးဟာ လက်တင်အမေရိက နဲ့ကာရေဘီယံဒေသတောင်ကုန်းပေါ်မှာတည်ရှိပါတယ်။မြို့တည်ရှိရာတောင်ကုန်းဟာ အမြင့်ပေ၇၉၀၀ကျော်မြင့်ကာ မြို့ကြီးမှာလည်း ရှေးဟောင်း မြို့တော်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာထုတ်ဝေခဲ့သောလေ့လာရေဂျာနယ်တစ်ခုအရ Quechua ဘာသာစကားဖြင့် Huayna Picchu လို့ခေါ်တွင်ကြောင်းလဲသိရပါယ်

ပညာရှင်တို့ရဲ့ပြောကြားချက်များအရ Incasမြို့ကြီးမှာစာပေအရေးအသားများထွန်းကားခဲ့ခြင်းမရှိတာကြောင့် ဒီမြို့ ကြီးအကြောင်းစာပေမှတ်တမ်းများအဖြစ်မကျန်ရှိကြောင်းသိရပါတယ်။ပညာရှင်များကတော့ မြို့ဟောင်းကြီးမှာ၁၆ ရာစုအကုန်မှ ၁၉ ရာစုအထိလူသူအရောက်အပေါက်မရှိခဲ့ကြောင်း သုံးသပ်ထားပါတယ်။ထိုသုံးသပ် ချက်များဟာတော့ မြို့ဟောင်းကြီးမှာတွေ့ရှိရတဲ့ အဆောက်အဦးများ၊သင်္ချိုင်းဂူများ၊နေထိုင်ရာနေရာဒေသ အထောက်အထားများ ကိုကြည့်ကာဖြင့်ရှေးဟောင်း သုတေသနပညာရှင်တို့ခန့်မှန်းကာ သုံးသပ်ချက်များထုတ် ပြန်ခဲ့ကြ ခြင်းပဲဖြစ်ပါတယ်။

Machu Picchu မြို့ဟောင်းကြီးဟာလှပသောတောင်တန်းများနဲ့မြင့်မြတ်ထူးခြားသောမြေပုံစံတို့ကြောင့် ဇလဗေဒ နှင့်မြင့်မြတ်သောပထဝီဆိုင်ရာဗဟိုဌာနအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ပျောက်ကွယ်နေသော မြို့ဟောင်းကြီးရဲ့ ထူးခြားတဲ့သတင်းတွေကြောင့်ပဲ ၁၉၁၁ ခုနှစ်မှာတက္ကသိုလ်တစ်ခုမှကထိကတစ်ယောက်က လေ့လာရေလုပ်ငန်းများစတင်ခဲ့ပါတယ်။ထို့နောက် မြို့ဟောင်းကြီးကိုပြန်လည်တွေ့ရှိခဲ့ကာ၂၀ ရာစုတွေ့ရှိမှုများ ရဲ့ အကြီးမားဆုံးတွေ့ရှိမှုစာရင်းဝင်ကာကမ္ဘာ့အံဖွယ် ၇ ပါးမှာတစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ်