
Borobudurအမည်ရတဲ့ဗုဒ္ဓဘာသာဘုရားကျောင်ကြီးဟာ ဂျာဗားကျွန်းလယ်ပိုင်းရှိစိမ်းလန်းစိုပြေနေတဲ့ တောတောင်များနဲ့ ဝန်းရံထားပြီးခမ်းနားထည်ဝါတဲ့ကျောင်းဆောင်ကြီးပဲဖြစ်ပါတယ်။ဒီဗုဒ္ဓဘာသာဘုရား ကျောင်းကြီးဟာ အေဒီ ၈ ရာစုနဲ့ ၉ရာစု အတွင်းမှာ တည်ဆောက်ခဲ့တဲ့ရှေးဟောင်းလက်ရာကြီးဖြစ်ကြောင်းသိရပါတယ်။ ဘုရားကျောင်းကြီးမှာ ဗုဒ္ဓ၏ဖြစ်တော်စဉ်များကိုရုပ်ကြွပေါင်း ၂၆၀၀ကျော်နဲ့ ပုံဖော်ထားသောခမ်းနားတဲ့ပိရမစ်ပုံတည်ဆောက်ထားပါတယ်

နေထွက်ချိန်၊နေဝင်ချိန်တွေမှာ စွဲမက်စရာ ကောင်းလောက်အောင်လှပတဲ့ဒီကျောင်းကြီးဟာ ရှေးခေတ်ဗိသုကာပညာများနဲ့ခမ်းနားထည်ဝါမှုထို့ပေါင်စပ်ထားတဲ့ အလှဆုံးသမိုင်းဝင်နေရာတစ်ခုဖြစ်နေပါတယ်။ဘုရားကျောင်းဆောင်ကြီးရဲ့အခြေတွင်ပိရမစ်အလွှာငါးလွှာ၊ အလယ်တွင် အဝိုင်းသုံးဆင့်ပါသောစည်တော်ပုံနဲ့ ထိပ်ဆုံးလွှာမှာစေတီတော် ကြီးတည်ထားပုံမှာ လဲတမူထူးခြားနေပါတယ်

ထူးခြားမှုနောက်တစ်ခုမှာဘုရားကျောင်းကြီးဟာဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သော်လည်းကဗ္ဗည်းမှတ်တမ်းအချို့မှာဟိန္ဒူဘာသာဖြင့်ရေးထိုးထားကြောင်းသိရပါတယ်။။သို့ကြောင့် ဘုရားကျောင်းတည်ထားသူဟာ မည်သည့်ဘာသာဝင်ဖြစ်ကြောင်း၊ မည်သည့်ရည်ရွယ်ချက်နဲ့အနုပညာလက်ရာမြောက်တဲ့ ဒီကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြောင်းသိနိုင်သူမရှိသေးပေ။၁၈၁၅ ခုနှစ်မှာဒီဘုရားကျောင်းကြီးကိုပျက်စီးနေတဲ့ကျောင်းပျက်ကြီးတစ်ခုအဖြစ်ပြန်လည် ရှာတွေ့ခဲ့ပြီး ယူနက်စကိုရဲ့အကူအညီနဲ့ပြန်လည်ပြုပြုင်မွမ်းမံခဲကာနောက်ပိုင်းမှာ ကမ္ဘ့ာအမွှေအနှစ်စာရင်းဝင်ဖြစ်လာခဲ့ကြောင်းသိရပါတယ်