လှပတဲ့ပိန်းပန်းလေးတွေမှာ အဆိပ်ရှိလား?
mmload.com
|
2023-12-27

Anthurium လို့ခေါ်တဲ့ပန်းဟာပိန်းပန်းမျိုးစုဖြစ်ပြီး အမျိုးအစားပေါင်း၁၀၀၀ ကျော်ရှိတဲ့ arum မျိုးရင်းရဲ့  အကြီးဆုံးမျိုးစုကြီးပဲဖြစ်ပါတယ်။မူရင်းဇာတိမှာ အမေရိကတိုက်ဇာတိဖြစ်ကာယခုအခါမှာတော့    ကမ္ဘာ့နေရာတော်တော်များများမှာအလှစိုက်ပန်းပင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြတာကိုတွေ့ရပါတယ်။နာမည်မျိုးစုံ ပုံစံမျိုးစုံနဲ့လှပနေတဲ့ဒီပန်းတွေကို မြန်မာနိုင်ငံရဲ့အလှပန်းပင်းရောင်းဝယ်ရေးမှာလည်းများစွာတွေ့လာရပါတယ်


ပိန်းပန်းတွေဟာလိင်စုံပန်းပွင့်အမျိုးအစားတွေဖြစ်ကာအရိပ်ရပြီးနေအရမ်းမပူတဲ့နေရာတွေမှာ ကောင်းစွာ ရှင်သန်နိုင်တဲ့အပင်တွေပဲဖြစ်ကြပါတယ်။Anthuriumတွေကိုအိမ်တွေမှာအလှစိုက်ကြပေမယ့် စိုက်ပျိုးသူတွေ မသိတဲ့အချက်တွေလဲရှိပါတယ်။အဲ့ဒါတွေကတော့ Anthuriumလို့ခေါ်တဲ့ပိန်းပန်းတွေဟာအဆိပ်ရှိနေခြင်းပဲဖြစ်ပါတယ်။ ပိန်းပန်းတွေရဲ့ အပွင့်တွေ၊အရွက်တွေမှာပါတဲ့ Calcium Oxalate Crystalsဟာ အဆိပ်ကိုဖြစ်စေပြီး အပွင့်အရွက်တို့မှရတဲ့အရည်ဟာမျက်လုံး ၊အရေပြားတို့ကိုယားယံစေနိုင်ကြောင်းသိရပါတယ်


အကယ်၍ပိန်းပန်းရဲ့ အပွင့် ၊အရွက်တို့ကို ဝါးမိပါကလည်းခံတွင်းအတွင်းနာကျင်သောဝေဒနာကို ခံစားရတတ်ပါတယ်။ ထိုမျှမကဘဲပါးစပ်အတွင်းအရည်ကြည်ဖုများပေါက်ကာရောင်ရမ်းလာနိုင်ကြောင်း လေ့လာသူတို့ဆို ထားပါတယ်။အဆိပ်ရှိတဲ့ ဒီAnthurium တွေကိုအချို့နေရာတွေမှာ တော့ဆေးဖက်ဝင်အပင်များအနေနဲ့ စိုက်ပျိုးနေတာကိုလည်း တွေ့ရပါတယ်





Some text some message..