
(၁) Bohemian Waxwing အမည်ရငှက်များဟာဆိုရင် Waxwing မျိုးစိတ်သုံးမျိုးရှိသည့်အနက်လူသိအများဆုံး၊အရှားပါးဆုံး နဲ့ အလှဆုံးငှက်အဖြစ်သတ်မှတ်ခံထားရတဲ့ငှက်မျိုးစိတ်တွေထဲကတစ်မျိုးဖြစ်ပါတယ်။ မြောက်အမေရိကမှာတွေ့ရပြီး အင်းဆက်ငယ်များ၊သစ်သီးများကိုစားသောက်ကြပါတယ်။ အလွန်အေးသော ဆောင်းရာသီမှာ အမေရိကန်အနောက်မြောက်ဘက်ပိုင်းသို့အုပ်စုလိုက်ရွှေ့ပြောင်းကာဆောင်းခိုလေ့ရှိကြပါတယ်

(၂)Hyacinth Macaw အမည်ရကြက်တူရွှေးများဟာခန္ဓာကိုယ်မှာ စွဲမက်ဖွယ် အပြာရောင်အမွေးများရှိနေခြင်း ကြောင့်blue macaw ဟုလည်း လူသိများပါတယ်။အမေဇုန်တွင်တွေ့ရကာအထူးသဖြင့် အလှဆုံးငှက်များ နေထိုင်ရာဟုသတ်မှတ်ထားသော ဆာဗားနားမျက်ခင်းပြင်မျာမှာနေထိုင်ကြပြီး ကံမကောင်းစွာပဲ အကောင်အရေ အတွက်အတော်နဲနေကြပါတယ်။သင်ယူတတ်မြောက်လွယ်ပြီးကောင်းမွန်စွာလေ့ကျင့်ပေးနိုင်ပါကချစ်စရာအိမ်မွေးတိရစ္ဆာန်များဖြစ်လာတတ်ပြီး အဆော့မက်တဲ့ငှက်လေးတွေပဲဖြစ်ပါတယ်

(၃)ကမ္ဘာပေါ်မှာအလှပဆုံးရေငှက်များ ဆိုရင်တော့ Wood ducksကိုမေ့ထားလို့မရပါဘူး။ အမေရိကန် ပြည်ထောင်စု၊ကနေဒါတစ်ဝိုက်မှာ အများဆုံးတွေ့ရတဲ့ငှက်တွေဖြစ်ကြပါတယ်။၎င်းတို့ဟာ လှပသော်လည်း ကိုယ်ပိုင်စွမ်းဆောင်ရည်မရှိကြပါဘူး။ သားပေါက်ရန်အသိုက်များကိုကိုယ်ပိုင်ဆောက်လုပ်နိုင်ခြင်းမရှိဘဲ အနီးအနားရှိလူနေအိမ်တွေကို အမှီပြုနေရတဲ့ ငှက်မျိုစိတ်များပဲဖြစ်ပါတယ်။ ငှက်ကြည့်သူတွေ အတွက်စိတ်ဝင်စားဖွယ်ကောင်းအောင်လှပတဲ့ဒီငှက်တွေဟာညံ့ဖျင်းသောပင်ကိုစွမ်းရည်များကြောင့် လူတွေရဲ့ ပစ်မှတ်ဖြစ်လာရပါတယ်