
ကယ်လီဖိုးနီးယားနိုင်ငံရှိကမ်းခြေကြီးတစ်ခုဟာအခြားသောကမ်းခြေများနဲ့မတူဘဲထူးခြားနေပါတယ်။ Glass Beachအမည်ရထိုကမ်းခြေကြီးဟာတော့အခြားကမ်းခြေများကဲ့သို့သဲသောင်များရေများကြောင့်ထူးခြားနေခြင်းမဟုတ်ဘဲကမ်းခြေရှိဖန်လုံးလေးများဖန်ပြားလေးများကြောင့် လူသိများထင်ရှားရခြင်းဖြစ်ပါတယ်။ နာမည်နဲ့လိုက်ဖက်စွာထူးခြားနေတဲ့ Glass Beachဟာ ၁၉၆၀ ဝန်းကျင်နှစ်များအတွင်းမှာတော့ယခုကဲ့သို့လှပနေတဲ့ကမ်းခြေကြီးတော့မဟုတ်ခဲ့ပါဘူး

ထူးခြားနေတဲ့ ဒီကမ်းခြေကြီဟာလွန်ခဲ့သောနှစ်များမှာတော့ယခုလိုလှပတဲ့ကမ်းခြေကြီးမဟုတ်ဘဲအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရာနေရာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ထိုကဲ့သို့စွန့်ပစ်ခြင်းဟာ၁၉၆၀ ပြည့်လွန်နှစ်များအထိ မရပ်တန့်သွားဘဲဆက်လက်ဖြစ်ပေါ်နေကာပင်လယ်ရေဟာလည်းဘူးခွံများ၊ပုလင်းများ၊သံဘူးများနဲ့ပိတ်ဆို့သွားကြောင်းသိရပါတယ်။အမှိုက်များနဲ့ပြည့်နေတဲ့ဒီကမ်းခြေကြီးဟာ နှစ်ကာလကြာလာသည်နဲ့အမျှရေတို့ရဲ့ဖြိုခွဲတိုက်စားမှုများကြောင့် အမှိုက်များ၊ဖန်ပစ္စည်းများ အပိုင်းပိုင်းကွဲသွားခဲ့ပြီးပြောင်လက်တဲ့ဖန်သားကျောက်တုံးလေးများအဖြစ်ပြောင်းလဲပေးခဲ့ကာသဘာဝရဲ့အသွင်ကူးပြောင်းမှုဖြစ်စဉ် ကိုသက်သေပြနေပါတယ်

MacKerricher State ပန်းခြံရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်အကာအကွယ်ပေးထားတဲ့Glass Beachဟာဒေသခံများနဲ့ ခရီးသွားလိုသူပြည်သူတို့အတွက်တော့အလွန်ရေပန်းစားလာတဲ့စွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ယခင်အချိန်ကအမှိုက်များနဲ့ပြည့်နေတဲ့ဒီကမ်းခြေကြီးဟာယခုအချိန်မှာတော့ မည်သူမျှတွေးမထားစွာပင် နိုင်ငံဝင်ငွေကိုများစွာတိုးစေတဲ့အရေးပါတဲ့ကမ်းခြေကြီးတစ်ခုဖြစ်လို့လာပါတယ်။ထိုလှပတဲ့Glass Beachဟာ သဘာဝကိုမြတ်နိုးသူတို့အတွက်လူသားတို့ရဲ့လုပ်ဆောင်ချက်နဲ့ သဘာဝရဲ့စွမ်းအင်များကြား သဟဇာတ မျှတတဲ့ဆက်သွယ်မှုကိုပြသနေတဲ့ထူးခြာတဲ့ကမ်းခြေကြီးတစ်ခုအဖြစ်ထင်ရှားပါတယ်