Jellyfish များနဲ့ပြည့်နေတဲ့ထူးခြားသောဂျယ်လီငါးကန်ကြီး
mmload.com
|
2024-02-05

Palauနိူင်ငံ Eil Malkကျွန်းပေါ်မှာတည်ရှိနေတဲ့ ရေကန်တစ်ကန်ဟာကမ္ဘာတစ်ဝှမ်းရှိထူးခြားတဲ့နေရာတွေထဲကတစ်ခုအဖြစ်ထင်ရှားပါတယ်။ဒီရေကန်ကြီးရဲ့ထင်ရှားရခြင်းရဲ့အကြောင်းအရင်းမှာတော့ရေကန်ရဲ့၇၀ ရာခိုင်နှုန်းဟာ Jellyfishများနဲ့ပြည့်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ထိုကဲ့သို့ ဂျယ်လီငါးများနဲ့ပြည့်နေခြင်းကြောင့်ပဲထိုရေကန်ကြီးဟာ Jellyfish Lake ဟူသောအမည်ဖြင့်ထင်ရှားကာလူသိများလာခြင်းပဲဖြစ်ပါတယ်


Palauတောင်ဘက်ပိုင်းမှာ လူမနေသောကျွန်းငယ်များ၊ကျောက်ဆောင်များများစွာရှိနေကာRockကျွန်းစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးရေကန်ပေါင်း ၇၀ခန့်ရှိကာသန်းပေါင်းများစွာသောရေရေခူများနဲ့ပြည့်နေပါတယ်။ထိုရေကန်များဟာ ရှေးMiocene ခေတ်မှသန္တာကျောက်တန်းများအက်ကွဲမှုများ၊လိုဏ်ပေါက်များမှတစ်ဆင့် သမုဒ္ဒရာရေနဲ့ချိတ်ဆက်နေပါတယ်။ရေကန်အတွင်းရှိရေမှာလည်းအောက်ဆီဂျင်ပျော်ဝင်နေသောရေအလွှာနဲ့အောက်ဆီဂျင်ပျော်ဝင်မှုနည်းသောရေအလွှာဟူ၍နှစ်မျိုးရှိကာရေအလွှာတို့မှာရာသီအလိုက်ရောစပ်ခြင်းမရှိကြောင်းလည်သိရပါတယ်။ထူးခြာတဲ့ထို Jellyfish Lake ဟာကမ္ဘာပေါ်မှာရှာဖွေတွေရှိတဲ့ဆားငန်အိုင်၂၀၀ ကျော်မှတစ်ခုလည်းဖြစ်နေပါတယ်


ကန်အတွင်းရှိရေခူမျိုးစိတ်နှစ်မျိးမှာကိုက်ခဲစေတတ်သော nematocytes အဆိပ်များရှိနေသော်လည်း ယျေဘုယျအားဖြင့်လူသားတို့ကိုအန္တရာယ်ဖြစ်စေ‌လောက်အောင်စွမ်းဆောင်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။ထူးခြားတဲ့ဒီရေကန်ကြီးဟာတော့၂၀၁၂ ခုနှစ်မှာအကောင်အရည်အတွက်များကျဆင်းလာမှုများကြောင့် အများပြည်သူလည်ပတ်ခွင့်ကိုပိတ်ပင်ခဲ့ပြီးမကြာသေးမှီနှစ်များအတွင်းကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်လည်းသိရပါတယ်။ရေနေ ဇီဝသက်ရှိများနဲ့ထူးခြားနေတဲ့ Jellyfish Lake ဟာအဏ္ဏဝါမျိုးစိတ်များအားစိတ်ဝင်စားသူတို့အတွက်တော့အထူးဇုန်တစ်ခုအဖြစ်တည်ရှိနေပါတယ်





Some text some message..